• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျောင်လေဂျီသည် စင်ကာပူဒုဝန်ကြီးချုပ် Teo CheeHeanနှင့် တွေ့ဆုံ

(GMT+08:00) 2017-02-27 10:42:32

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ တရုတ်အစည်းရုံးရေးဝန်ကြိးဌာနဝန်ကြီး ကျောင်လေဂျီသည် ယမန်နေ့ ၂၆ ရက်နေ့က စင်ကာပူဒုဝန်ကြီးချုပ် Teo CheeHeanနှင့် ပီကင်း၌ တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ကျောင်လေဂျီက တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံသည် အချိန်နှင့်တပြေးညီဖြစ် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုကို ထားရှိခဲ့ပြီး ယခုနှစ်များတွင် နှစ်နိုင်ငံပညာရှင်များကူးလူးဖလှယ်ရေးနှင့် ကေဒါလေ့ကျင့်ပျိုးထောင်ရေးစသည့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဖယ်လှယ်မှုတိုးတက်လာသည်ဟု ပြောကြားသည်။

Teo CheeHeanကလည်း စင်ကာပူနိုင်ငံသည် တရုတ်နိုင်ငံနှင့် လေ့ကျင့်ပျိုးထောင်ရေးဆိုင်ရာကူးလူးဖလှယ်မှုကို အဆက်မပြတ် တွန်းအားပေးလိုကြောင်း၊ အဆင့်မြင့်အရာရှိများ အပြန်အလှန်ခရီးလှည့်လည်မှုကို တိုးမြှင့်ပြီး နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းစွာတိုးတက်စေရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

   Webradio