• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် တရုတ်ပြည် ဆင်းရဲသူ ဦးရေ ၁၀ သန်း ဆက်လက် လျော့နည်းသွားမည်

(GMT+08:00) 2017-02-27 09:40:40

တရုတ်နိုင်ငံတော်ကောင်စီ ဆင်းရဲမှု ပပျောက်ရေး ဦးဆောင်အဖွဲ့ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်က၊ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဆင်းရဲသူ ဦးရေ ၁၀ သန်း ဆက်လက် လျော့နည်းလာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် လျာထားသည့် အတိုင်း ဆင်းရဲမှု ပပျောက်ရေး ရည်မှန်းချက်များကို ဖေါ်ဆောင်နိုင်ရန် အားဖြည့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မကြာမီက ပြောကြားခဲ့ပါသည်။

နိုင်ငံတော်ကောင်စီ၏ သတင်းစာ ရှင်းလင်းပွဲတွင် ဆင်းရဲမှု ပပျောက်ရေးရုံး ဒုဥက္ကဋ္ဌ အိုချင်ဖိန်က၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှာ ဆင်းရဲသူ ဦးရေ သန်း ၄၀ ကျော် ရှိသေးကြောင်း၊ နောင်တွင် မိမိတို့သည် စိစစ်ရေးနှင့် ကြီးကြပ်ရေးစနစ်များ ပိုမို ပြည့်စုံ ကောင်းမွန် လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အိုချင်ဖိန်က၊ ဆင်းရဲမှု ပပျောက်ရေးသည် ဝန်ထုပ်ဝန်ပိုး မဟုတ်ဘဲ တရုတ်ပြည် စီးပွါးရေး တိုးတက်ရေးဆိုင်ရာ နယ်ပယ်သစ် တစ်ရပ် ဖြစ်ကြောင်း၊ ငွေရင်းနှင့် အရင်းအမြစ်များကို ဆင်းရဲသော ဒေသများတွင် အသုံးပြုလာခြင်းသည် ဆင်းရဲသော ဒေသများအတွက် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းကောင်း ဖန်တီး ပေးသည့်အပြင် ပြည်တွင်း ဝယ်လိုအား တိုးမြှင့်ရေးအတွက်လည်း အခြေအနေကောင်း ဖန်တီးပေးနေကြောင်း၊ တစ်ချိန်တည်းတွင် ဆင်းရဲသော ဒေသများအတွက်လည်း အလုပ်အကိုင်နေရာသစ်များစွာကို ဖန်တီးပေးနေကြောင်း ပြောကြားခဲ့ပါသည်။

   Webradio