• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှား ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အန္တရာယ် ဖြစ်နိုင်ပစ္စည်း တိုင်းတာ စစ်ဆေးမည်

(GMT+08:00) 2017-02-26 09:57:02

မလေးရှား ရဲဘက်က၊ ၂၆ ရက်နေ့ နံနက် လင်းအားကြီးအချိန်တွင် ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို စေလွှတ်ပြီး မြောက်ကိုးရီးယား အမျိုးသား သေဆုံးမှု ဖြစ်ပွါးခဲ့သော ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် အမှတ်(၂) တိုက်ကြီးတွင် အဆိပ်ပါ အန္တရာယ် ဖြစ်စေနိုင်သော ပစ္စည်းများကို တိုင်းတာ စစ်ဆေးရေး လုပ်ငန်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း ၂၅ ရက်နေ့ညက ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းမတိုင်မီက မလေးရှားရဲဘက်သည် ၁၃ ရက်နေ့ညက သေဆုံးခဲ့သော မြောက်ကိုးရီးယား အမျိုးသား ကိုယ်ခန္ဓာတွင် ဓါတုလက်နက် VX နာဗ်ကြော အဆိပ်ဓါတ်ပစ္စည်းကို တိုင်းတာ တွေ့ရှိခဲ့သည်ဟု ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio