• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသ ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းကို ပူးပေါင်း ဆောင်ရွက်

(GMT+08:00) 2017-02-26 09:28:51

တရုတ်နိုင်ငံတော်ကောင်စီ ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းရုံးက၊ ၂၀၁၇ ခုနှစ်တွင် တရုတ် နိုင်ငံသည် ဆင်းရဲသူ ဦးရေ ၁၀ သန်းကျော် ဆက်လက် လျော့နည်းလာအောင်၊ ၂၀၂၀ ပြည့်နှစ်တွင် ဆင်းရဲမှု ပပျောက်ရေး တာဝန်များကို လျာထားသည့်အတိုင်း ဆောင်ရွက် နိုင်အောင် အာမခံပေးပါကြောင်း မကြာမီက ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် တရုတ်ပြည် အရှေ့ပိုင်း စီးပွါးရေး ဖွံ့ဖြိုးမှု ကောင်းမွန်သော ပင်လယ်ကမ်းရိုးတန်းဒေသနှင့် အနောက်ပိုင်း စီးပွါးရေး ခေတ်နောက်ကျသော ဒေသများသည် ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းကို ပူးပေါင်းဆောင်ရွက်နေကြောင်း၊ တရုတ်အစိုးရသည် သက်ဆိုင်ရာ အာမခံပေးရေးနှင့် စိစစ်ရေး စနစ်များကိုလည်း ချမှတ်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio