• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုစသည့် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများ တိုက်ဖြတ်ရေးနယ်ပယ်တွင် တရုတ်-ဖိလစ်ပိုင် ရဲဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြ

(GMT+08:00) 2017-02-25 10:28:02

        မကြာခင်ရက်များက တရုတ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံမှ ပင်လယ်ရဲဌာနတို့သည် ဖိလစ်ပိုင်နိုင်ငံ ဆူဘစ်မြို့၌ ပင်လယ်ရဲဌာန ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ ပထမအကြိမ်အစည်းအဝေးကို ပြုလုပ်ခဲ့ရာ နှစ်နိုင်ငံ ပင်လယ်ရဲဌာန ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ ၄င်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်က တရုတ်-ဖိလစ်ပိုင် ပင်လယ်ရဲဌာန ပူးပေါင်းဆောင်ရွက်မှု တိုမြှင့်ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တစ်ဆင့်တိုး ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio