• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

WTOကုန်သွယ်မှု လွယ်ကူစေရေး စာချုပ် တရားဝင် အာဏာတည်

(GMT+08:00) 2017-02-24 15:52:28

ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့(WTO) ဒါရိုက်တာချုပ် ရိုဘယ်တို အာဇယ်ဗီဒိုက ယခုလ ၂၂ရက်နေ့က ဂျီနီဗာမြို့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ WTOကုန်သွယ်မှု လွယ်ကူစေရေး သဘောတူ စာချုပ်သည် အဖွဲ့ဝင် ၃ပုံ၂ပုံမှ စစ်ဆေးအတည်ပြုခြင်းများ ရရှိပြီး တရားဝင် အာဏာတည်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

၎င်းသဘောတူ စာချုပ်တွင် အပိုင်း၃ပိုင်း၊ ပုဒ်မ ၂၄ခု၊ ကုန်ပစ္စည်း ဝင်ထွက်ရွေ့လျားမှု အရှိန်မြှင့်ဆောင်ရွက်ရေး၊ ကုန်သွယ်ရေး အလုပ် တွင်ကျယ်မှု တိုးမြှင့်ရေး၊ ကုန်သွယ်မှု ဆိုင်ရာ ကုန်ကျစရိတ် လျှော့ချရေး စသည်တို့နှင့် ပတ်သက်သော အသေးစိတ် သတ်မှတ်ချက်များ ပါဝင်ကြောင်း၊ ၄င်းသတ်မှတ်ချက်များတွင် ကုန်ပစ္စည်း အဝင်အထွက် အစီအစဉ် လွယ်ကူစေရေးနှင့် ၄င်းအစီအစဉ် ဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ရေး၊ အကောက်ခွန်ဌာနများအား အခြား အစိုးရ လုပ်ငန်းဌာနများနှင့် ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်စေရေးစသည်များ ပါဝင်ကြောင်း၊ ထို့အပြင်၊ ဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံနှင့် ဖွံ့ဖြိုးမှု အနည်းပါးဆုံး အဖွဲ့ဝင် နိုင်ငံများကို အထူးအခွင့်အရေးနှင့် မတူခြားနားသည့် အခွင့်အရေးများ ပေးရန် အပြည့်အဝ စဉ်းစားမည် ဖြစ်ကြောင်း သိရသည်။

WTOကုန်သွယ်မှု လွယ်ကူစေရေး သဘောတူ စာချုပ်သည် ၁၉၉၅ခုနှစ်က ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် ရရှိသော ပထမဆုံး ဘက်ပေါင်းစုံ ကုန်သွယ်ရေး သဘောတူ စာချုပ်ဖြစ်ပြီး ဒိုဟာအချီ ဆွေးနွေးပွဲ စတင် ကျင်းပခဲ့သည့် နောက်ပိုင်းတွင် ရရှိသော မှတ်တိုင်လို့ ဆိုရမည့် တိုးတက်မှုလည်း ဖြစ်ကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

 

 

   Webradio