• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အိန္ဒိယမဟာဗျူဟာဆွေးနွေးပွဲအောင်မြင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

(GMT+08:00) 2017-02-24 15:06:06

      တရတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိန်ရွှန်က၊ တရုတ်-အိန္ဒိယ မဟာဗျူဟာဆွေးနွေးပွဲကို ချစ်ခင်ရင်းနှီးစွာ ကျင်းပနိုင်ခဲ့ပြီး၊ နှစ်ဦးနှစ်ဖက်တို့သည်၊ ဘက်စုံ နက်ရှိုင်းစွာ ကူးလူးဖလှယ်၍ လျားထားချက်အတိုင်း ကျယ်ပြန့်သော သဘောတူညီမှု လည်းရရှိခဲ့ကြကြောင်း ယခုလ ၂၃ ရက်နေ့ကကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ကိန်ရွှန်က၊ ယခုလ ၂၂ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး ကျန်းယဲ့ဆွေနှင့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် S. Jaishankar တို့သည်၊ တရုတ်-အိန္ဒိယမဟာဗျူဟာ ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး၊ နိုင်ငံတကာအခြေအနေ၊ နှစ်နိုင်ငံတို့၏ ပြည်တွင်းနှင့် နိုင်ငံခြား ရေးမူဝါဒ၊ ၂ ဖက်ဆက်ဆံမှု၊ အတူတကွအာရုံစိုက်ကြသည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ပြဿနာများနှင့် စပ်လျဉ်း၍ ဘက်စုံနက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ပြီး၊ ကျယ်ပြန့်သော သဘောတူညီမှုရရှိခဲ့ကြကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

 

   Webradio