• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဖိုရမ် နေပြည်တော်၌ ကျင်းပမည်

(GMT+08:00) 2017-02-23 13:00:44

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနတို့အတူ နေပြည်တော်၌ ပထမအကြိမ် တရုတ်-မြန်မာခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပရေးဆိုင်ရာ ပူးပေါင်းသတင်းစာရှင်းလင်းပွဲ ကျင်းပရသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး မီဒီယာရေးရာနှင့်ပြည်သူ့ဆက်ဆံရေးသံမှူး Mr. Yang Shouzheng ၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် တို့ တက်ရောက်ပြီး ပထမအကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို မတ်လ ၁ ရက်နေ့တွင်   နေပြည်တော် ကျင်းပမည်ဖြစ်ကြောင်း အတူတကွကြေညာခဲ့သည်။

ယခုအကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား တရုတ်နိုင်ငံခရီးသွားလာရေး ဌာန၊ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ယူနန်ပြည်နယ်ပြည်သူ့ အစိုးရတို့ ပူးပေါင်းကြီးမှူး၍ မတ်လ ၁ ရက်နေ့တွင် နေပြည်တော်ကျင်းပမည်ဖြစ်သည်။ အဆိုပါဖိုရမ်သို့ တရုတ်နိုင်ငံ ခရီးသွားလာရေးဌာန ညွှန်ချုပ် Mr. Du Jiang ၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Chen Shun ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang နှင့်တကွ ဧည့်သည်တော်များ တက်ရောက်ကြမည်ဖြစ်သည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့တွင် တရုတ်နိုင်ငံခရီးသွားလာရေးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ခရီးသွားလာရေးလုပ်ငန်းအသင်း၊ ယူနန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလာရေးဌာနနှင့် ခရီးသွားလုပ်ငန်းရှင် ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း လူ ၃၀၀ ကျော် ဖိုရမ်သို့ တက်ရောက်ကြမည် ဖြစ်သည်။

ယခုအကြိမ်ဖိုရမ်၏ခေါင်းစဉ်မှာ "ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ခြင်း -- တရုတ်-မြန်မာဘက်စုံမဟာ ဗျူဟာပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး၏တွန်းအားသစ်" ဖြစ်ပြီး ဖိုရမ်တွင် ဖွင့်ပွဲအခမ်းအနား၊ မိန့်ခွန်းစကားပြောကြားခြင်းနှင့် စားပွဲဝိုင်းဆွေးနွေးခြင်းဟူ၍ အစီအစဉ် ၃ ရပ် ပါဝင်သည်။ ဖိုရမ်ကျင်းပနေစဉ်အတွင်း တရုတ်-မြန်မာခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်-မြန်မာခရီးသွားလုပ်ငန်းများ၏ ခရီးသွားလာမှု အစီအစဉ်များမိတ်ဆက်ပေးခြင်း အစရှိသည့် အစီအစဉ်များကိုလည်း ကျင်းပမည်ဖြစ်သည်။

တရုတ်-မြန်မာခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကျင်းပခြင်းသည် တရုတ်-မြန်မာခရီးသွားလုပ်ငန်း ဆိုင်ရာကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအားတစ်ဆင့် တိုးမြှင့်ရန်ဖြစ်သည်။ ယခု အကြိမ်ဖိုရမ်တွင် အဓိကအားဖြင့် ယခုနှစ်အတောအတွင်း တရုတ်-မြန်မာခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတွင်ရရှိခဲ့သော အောင်မြင်မှုများ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအလားအလာနှင့် အဓိကဆောင်ရွက်ရန်ကစ္စမျာိးု့နှင့်စပ်လျဉ်းအမြင်ချင်းဖလှယ် ကြမည်ဖြစ်သည်။ ထို့အပြင် တရုတ်-မြန်မာနှစ်နိုင်ငံတို့သည် နယ်စပ်ဒေသတွင် လွယ်ကူစွာခရီးသွားလာနိုင်ရေး အတွက် အတူတကွကြိုးပမ်းဆောင်ရွက်ကာ နှစ်နိုင်ငံဝန်ထမ်းများ ကူးလူးဖလှယ်ရေးကိုလည်း တိုးမြှင့်မည်ဖြစ်သည်။

   Webradio