• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ခေါင်းဆောင်ဟောင်း တိန့်ရှောင်ဖိန် ကွယ်လွန်သွားခဲ့သည့် နှစ်၂၀ပြည့်၊ တရုတ် ပြုပြင်ပြောင်းလဲမှု ဦးလည်မသုန် ရှေ့ရှုချီတက်

(GMT+08:00) 2017-02-20 15:17:56

ဖေဖော်ဝါရီလ ၁၉ရက်နေ့သည် တရုတ် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး၏ ဗိသုကာချုပ်၊ တရုတ် နိုင်ငံတော် ခေါင်းဆောင်ဟောင်း တိန့်ရှောင်ဖိန် ကွယ်လွန်းသွား ခဲ့သည့် နှစ်၂၀ပြည့်မြောက်နှစ် အထိမ်းအမှတ်နေ့ ဖြစ်သည်။ လွန်ခဲ့သော ၁၉၇၀ပြည့်နှစ် အကုန်ပိုင်းက တိန့်ရှောင်ဖိန်၏ ခေါင်းဆောင်မှုဖြင့် တရုတ်ပြည်သည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းပြုပြင်ပြောင်းလဲမှုကြောင့် တရုတ် စီးပွားရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး တရုတ် ပြည်သူများ၏ နေထိုင်မှုဘဝနှင့် ကံကြမ္မာသည် ပြောင်းလဲလာကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

၂၀၁၄ခုနှစ်က ကျင်းပခဲ့သော တိန့်ရှောင်ဖိန်၏ နှစ်၁၁၀ မွေးနေ့ အထိမ်းအမှတ်ပြု နှီးနှောဖလှယ်ပွဲတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က ရဲဘော် တိန့်ရှောင်ဖိန်သည် နိုင်ငံရေး ဆိုင်ရာ ရဲရင့်မှု ရှိပြီး ချဲ့ထွင်မှုနှင့် ဆန်းသစ်တီထွင်မှုကို အဆက်မပြတ်ပြုလုပ်သူ တစ်ဦး ဖြစ်ကြောင်း၊ မိမိတို့သည် တိန်ရှောင်ဖိန်၏ ၄င်းဂုဏ်ရည်ကို နည်းယူလေ့လာသင့်ကြောင်း ပြောကြားခဲ့ဖူးသည်။

တရုတ်ပြည် အတွက် တိန့်ရှောင်ဖိန်၏ အကြီးဆုံး အကျိုးပြု စွမ်းဆောင်မှုမှာ ၄င်း၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး မူဝါဒကြောင့် တရုတ် စီးပွားရေးနှင့် ခေတ်မီတည် ဆောက်ရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေခြင်း ဖြစ်ကြောင်း၊ နှစ်ပေါင်း ၃၀ခန့်တွင် တရုတ်ပြည်သည် စီးပွားရေး ခေတ်နောက်ကျသည့် နိုင်ငံ တစ်နိုင်ငံမှ ကမ္ဘာပေါ်က ဒုတိယ အကြီးဆုံး စီးပွားရေး အုပ်စု အဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio