• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြူးနစ် လုံခြုံရေး အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-02-17 14:34:18

၅၃ကြိမ်မြောက် မြူးနစ် လုံခြုံရေး အစည်းအဝေးကို ယခုလ ၁၇ရက်နေ့မှ ၁၉ရက်နေ့ အထိ ဂျာမဏီ နိုင်ငံ တောင်ပိုင်း မြူးနစ်မြို့တွင် ကျင်းပကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အစည်းအဝေး မကျင်းပမီက အစည်းအဝေး သဘာပတိ ဗိုလ်ဖ်ဂန် အီရှင်ဂါသည် ယခု အကြိမ် အစည်းအဝေးနှင့် နောက်ဆုံး ထုတ်ပြန်သော "၂၀၁၇ခုနှစ် မြူးနစ် လုံခြုံရေး အစီရင်ခံစာ"ကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

အီရှင်ဂါက လက်ရှိအချိန်တွင် နိုင်ငံတကာ နိုင်ငံရေး အခြေအနေသည် ရှုပ်ထွေးပြီး မတည်မငြိမ် ဖြစ်နေကြောင်း၊ ဥပမာ ပြောရလျှင် ဥရောပ သမဂ္ဂ တပြေးညီ ဖြစ်စေရေး ဖြစ်စဉ်တွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း၊ အစွန်းရောက်အဖွဲ့များမှ အကြမ်းဖက် ခြိမ်းခြောက်မှု တစ်နေ့တခြား ပြင်းထန်လာကြောင်း၊ နိုင်ငံတကာ မဟာဗျူဟာနှင့် လုံခြုံရေး နယ်ပယ်မှ အရေးကြီးသည့် နှစ်ပတ်လည် ဖိုရမ် တစ်ခု အနေနှင့် ၅၃ကြိမ်မြောက် မြူးနစ် လုံခြုံရေး အစည်းအဝေးသည် လူအများက အာရုံစိုက်ကြသော နိုင်ငံတကာ ပြဿနာများ အပေါ် အစဉ်တစိုက် အလေးထားမည် ဖြစ်ကြောင်း ပြောကြားသည်။

၎င်းက ယခုအကြိမ် အစည်းအဝေးတွင် ဆီးရီးယား စစ်ပွဲ၊ ယူကရိမ်း အကျပ်အတည်း၊ ရုရှားနှင့် ဆက်ဆံမှု အပါအဝင် ခေါင်းစဉ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ အထူးသဖြင့်  ထရမ့် အမေရိကန် သမ္မတသစ် အဖြစ် တရားဝင် တာဝန်ထမ်းဆောင်ခဲ့သည့် နောက်ပိုင်း တွင် ပြည်တွင်းပြည်ပမှ စိန်ခေါ်မှုများ ရင်ဆိုင်ရေး အတွက် ကျင့်သုံးမည့် ဆောင်ရွက်ချက် များ အပေါ်လည်း အာရုံစိုက်မည်ဖြစ်ကြောင်း၊ မြူးနစ် လုံခြုံရေး အစည်းအဝေးသည် မိမိတို့ အတွက် လမ်းစဖော်ပေးရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

   Webradio