• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဖူကျန့်ပြည်နယ်သည် အာဆီယံမှသွင်းကုန် ၇၀ရာခိုင်နှုန်းတိုးများ

(GMT+08:00) 2017-02-17 11:02:02

 တရုတ်နိုင်ငံရှမိန်မြို့အကောက်ခွန်ဌာနမှ သတင်းအရ ယခုနှစ်ဇန်နဝါရီလတွင် ဖူကျက်ပြည်နယ်သည် အာဆီယံမှ သွင်းကုန်ပို့ကုန်စုစုပေါင်းပမာဏမှာ ယွမ် ၁၅.၅၆ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁၅ ရာခိုင်နှုန်းတိုးများကြောင်း၊ ၄င်းအနက် သွင်းကုန်တိုးတက်မှုနှုန်းမှာ ၇၃.၁ရာခိုင်နှုန်းရှိကြောင်းသိရသည်။

     ပင်လယ်ပိုးလမ်းမကြီး၏အမြုတေဒေသအနေနှင့် ဖူကျက်ပြည်နယ်သည် လွန်ခဲ့သည့် နှစ်များအတွင်း အာဆီယံနိုင်ငံများနှင့် ဆက်သွယ်မှုကို အလေးထားကြောင်း၊ ဖူကျက်လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် လျင်မြန်စွာ တည်ဆောက်ခြင်း သည်လည်း အာဆီယံနိုင်ငံမှ ကုန်ပစ္စည်းများ ဖူကျက်ဈေးကွက်သို့ ဝင်ရောက်ရန် ကောင်းမွန်သော အခြေအနေဖန်တီးပေးခဲ့ကြောင်းသိရသည်။

   Webradio