• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဇန်နဝါရီ တရုတ် CPI ပြန်လည်တိုးတက်မှု ခန့်မှန်းချက်နှင့် ကိုက်ညီ

(GMT+08:00) 2017-02-15 15:19:43

တရုတ် အမျိုးသား စာရင်းအင်း ဌာနမှ ယခုလ ၁၄ရက်နေ့က ထုတ်ပြန်သော ဇန်နဝါရီလ တရုတ်ပြည်သူများ သုံးစွဲမှု ဈေးနှုန်း ညွှန်းကိန်း (CPI)နှင့် စက်မှု ကုန်ထုတ်လုပ်သူ ဈေးနှုန်းညွှန်းကိန်း(PPI)စာရင်းများကို ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းစာရင်းတွင် ဇန်နဝါရီလ တရုတ်ပြည်၏ CPIသည် ပြီးခဲ့သည့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ကထက် ၁ရာခိုင်နှုန်း တိုးလာပြီး ၂၀၁၆ခုနှစ် ဇန်နဝါရီကထက် ၂့၅ရာခိုင်နှုန်း တိုးလာ ကြောင်း၊ PPIသည် ၂၀၁၆ခုနှစ် ဒီဇင်ဘာ ကထက် ၀့ဂရာခိုင်နှုန်း တိုးလာပြီး ၂၀၁၆ခုနှစ် ဇန်နဝါရီကထက် ၆့၉ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းတိုးနှုန်းများသည် ဈေးကွက်မှ ခန့်မှန်းချက်နှင့် ကိုက်ညီကြောင်း သိရသည်။

သက်ဆိုင်ရာ ပညာရှင်များက အနာဂတ် တရုတ်ပြည်တွင် ငွေကြေးဖောင်းပွမှု ဖိအား မရှိကြောင်း၊ ဖြည်းဖြည်းနှင့် မှန်ကန်သော ငွေကြေးမူဝါဒကို ဆက်လက် ကျင့်သုံးရန် လိုနေသေးသော်လည်း ပိုမိုတက်ကြွသော ဘဏ္ဍာရေး မူဝါဒကို ကျင့်သုံးရန် လိုအပ်ကြောင်း ယူဆသည်။

 

   Webradio