• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အငြိမ်းစား အာမခံစနစ် ပြုပြင်ပြောင်းလဲရေး တရုတ် အစိုးရ အရှိန်မြှင့် တွန်းအားပေး

(GMT+08:00) 2017-02-14 15:23:23

ယခုအချိန်တွင် တရုတ်ပြည်သည် သက်ကြီးရွယ်အို ဦးရေ တိုးလာခြင်း ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းဌာန နည်းပါးခြင်း ပြဿနာသည် တစ်နေ့တခြား သိသာထင်ရှားလာကြောင်း စီအာအိုင်က ရေးသား ဖော်ပြသည်။

၎င်းပြဿနာကို ဖြေရှင်းရေး အတွက် တရုတ် လူမှုရေး ဝန်ကြီးဌာနက အငြိမ်းစား အာမခံစနစ် ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့် တွန်းအားပေးပြီး သက်ကြီးရွယ်အို စောင့် ရှောက်ရေး လုပ်ငန်းတွင် လူမှုရေး အလွှာပေါင်းစုံက ပါဝင်ဆောင်ရွက်ရန် တက်ကြွမှုကို တစ်ဆင့်တိုး ဖော်ထုတ်မည်ဖြစ်ကြောင်း၊ ထို့အပြင်၊ လုပ်ငန်းတည်ထောင်ရေး ကုန်ကျစရိတ် လျှော့ချပြီး တရားမျှတပြီး စနစ်တကျရှိသော ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေကို ဖန်တီး ပေးမည် ဖြစ်ကြောင်း မကြာမီက ဖော်ပြသည်။

တရုတ် အမျိုးသား စာရင်းအင်းဌာနမှ စာရင်းအရ ၂၀၁၅ခုနှစ်က တရုတ်ပြည် တစ်ပြည်လုံးတွင် အသက် ၆၀နှစ်အထက် သက်ကြီးရွယ်အို ဦးရေမှာ သန်း ၂၂၀ကျော် ရှိပြီ ဖြစ်ကြောင်း၊ ယင်းထဲတွင် ခိုကိုးရာမဲ့ သက်ကြီးရွယ်အို ဦးရေမှာ သန်း ၁၀၀ခန့်ရှိပြီ ဖြစ်ကြောင်း၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုအပါအဝင် သက်ကြီးရွယ်အို ဦးရေ များပြားခြင်း ကြောင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး အရင်းအမြစ် နည်းပါးမှု ပြဿနာသည် တစ်နေ့ တခြားသိသာထင်းရှာလာကြောင်း၊ မြို့ကြီးများတွင် သက်ကြီးရွယ်အိုများက ဘိုးဘွား ရိပ်သာ များတွင် ဝင်ရောက်ပြီး စောင့်ရှောက်မှု ရရှိရန် အခက်အခဲ များစွာ ရှိကြောင်း သိရသည်။

သက်ကြီးရွယ်အို စောင့်ရှောက်ရေး အရင်းအမြစ် နည်းပါးခြင်း ပြဿနာကို ဖြေရှင်းရေး အတွက် တရုတ်လူမှုရေး ဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်နှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန အပါအဝင် လုပ်ငန်းဌာန ၁၃ခုတို့သည် အငြိမ်းစား အာမခံစနစ် ပြုပြင်ပြောင်းလဲမှု အရှိန်မြှင့် တွန်းအားပေးရေး ဆိုင်ရာ စာတမ်းကို ထုတ်ပြန် ခဲ့ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းဌာန အပေါ် သက်ဆိုင်ရာ စစ်ဆေး အတည်ပြုရေး အစီအစဉ်များ လွယ်ကူစေရေးနှင့် တရားနည်းလမ်းကျစေရေး အတွက် ဆောင်ရွက်ချက် ၅ခုကို ကျင့်သုံးမည် ဖြစ်ကြောင်း ဖော်ပြသည်။

   Webradio