• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်နှင့် အမေရိကန်တို့၏ တျောက်ယူကျွန်းနှင့် တောင်ပင်လယ်ဆိုင်ရာ အပြောအဆိုကို တရုတ် ကန့်ကွက်

(GMT+08:00) 2017-02-14 10:03:25

    တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တျောက်ယူကျွန်းနှင့် အနီးတဝိုက်ကျွန်းများသည် တရုတ်ပြည်၏ ပိုင်နက်နယ်မြေ ဖြစ်ကြောင်း၊ ဂျပန်နှင့် အမေရိကန်တို့ အနေနှင့် သက်ဆိုင်ရာ ပြဿနာများ ပိုမရှုပ်ထွေးလာအောင်နှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအပေါ် ဆိုးကျိုးများ မဖြစ်စေရန်အတွက် မှားယွင်းသော အပြောအဆိုများ ပြောဆိုခြင်းကို ရပ်စဲပြီး ချင့်ချင့်ချိန်ချိန် လုပ်ဆောင် ပြောဆို သင့်ကြောင်း၊ နိုင်ငံအချို့သည် သင်္ဘောနှင့် လေယာဉ်များကို စေလွှတ်ပြီး တောင်ပင်လယ်၌ လက်နက် အင်အား ရှိုးပြခြင်းနှင့် တပါးနိုင်ငံများ သွေးကွဲအောင် ပြောဆိုခြင်းမှသာ တောင်ပင်လယ် ပြဿနာကို စစ်ရေး ပြဿနာ ဖြစ်စေနိုင်မည့် အဓိကအကျဆုံး အကြောင်းရင်းပင် ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio