• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်ဝမ် အပျော်စီးကား တိမ်းမှောက် ၃၂ ဦး သေဆုံး

(GMT+08:00) 2017-02-14 08:55:23

ထိုင်ဝမ် မီးသတ် ဌာနချုပ်မှ ယခုလ ၁၄ ရက်နေ့ ည ၁၂ နာရီက ထုတ်ပြန်သော သတင်းအရ၊ ၁၃ ရက်နေ့ညက ဖြစ်ပွါးခဲ့သော အပျော်စီး ဘတ်စကား တိမ်းမှောက်မှုတွင် လူ ၃၂ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

၁၃ ရက်နေ့ ည ၉ နာရီကျော်တွင် တိုင်ပေမြို့ ဒီလျန်ဟွာ ကုမ္ပဏီပိုင် အပျော်စီး ဘတ်စကား တစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်တွင် စုစုပေါင်း လူ ၄၄ ဦး တင်ဆောင် ထားကြောင်း သတင်းရရှိပါသည်။  
   Webradio