• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယား ဒုံးကျည် ပစ်လွှတ်ခြင်းကို တရုတ် ကန့်ကွက်

(GMT+08:00) 2017-02-14 08:45:49

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ မြောက်ကိုးရီးယားသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖေါက်ပြီး ဒုံးကျည် ပစ်လွှတ်ခြင်းကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း၊ ဘက်အသီးသီးတို့ အနေနှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို လက်တွဲ ထိန်းသိမ်း နိုင်ရန် ပန်ကြားလိုကြောင်း ယခုလ ၁၃ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

မြောက်ကိုးရီးယားနိုင်ငံသည် ၁၂ ရက်နေ့တွင် မြေပြင်မှ မြေပြင်ပစ် တာလတ် တာရှည် စစ်ဆင်နွှဲ ဒုံးလမ်းသွားဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရပါသည်။

   Webradio