• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာသို့ တင်ပို့ရောင်းချသည့် တရုတ်ထုတ် အ​တွင်း​လောင်​အင်​ဂျင်​စက်​ခေါင်းကို တာ့လျန်ဆိပ်ကမ်း၌ သင်္ဘောဖြင့် ပို့ဆောင်

(GMT+08:00) 2017-02-13 14:08:13

        တရုတ် CRRC ကော်ပိုရေးရှင်း လက်အောက်ရှိ တာ့လျန် စက်ခေါင်း ထုတ်လုပ်ရေး ကုမ္ပဏီက ၄င်းတို့ ထုတ်လုပ်သော အတွင်းလောင်အင်ဂျင်စက်ခေါင်းနှစ်လုံးကို တာ့လျန်ဆိပ်ကမ်း၌ သင်္ဘောဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း၊ ယင်းစက်ခေါင်းများကို မြန်မာ့မီးရထား ခရီးသည်တင်နှင့် ကုန်တင်ရေးတွင် အသုံးပြုမည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

        တာ့လျန် စက်ခေါင်း ထုတ်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ၄င်းကုမ္ပဏီသည် မြန်မာ နိုင်ငံတော်ပိုင် မီးရထားလုပ်ငန်းနှင့် ၅ ကြိမ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအချိန်အထိ စက်ခေါင်း ၅၀ ကျော် တင်ပို့နေပြီဖြစ်ကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။

   Webradio