• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဇန်နဝါရီလ တရုတ် သွင်းကုန်ပို့ကုန် ပမာဏ တိုးလာ

(GMT+08:00) 2017-02-13 10:58:31

တရုတ် အကောက်ခွန်ဌာနချုပ်မှ မကြာမီက ထုတ်ပြန်သော စာရင်းအရ၊ ယခုနှစ် ဇန်နဝါရီလအတွင်း တရုတ်ပြည် သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ ယွမ်ငွေ ဘီလီယံ၂၁၈၀ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၉့ ၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ အမေရိကန်ဒေါ်လာဖြင့် တွက်လျှင် ဇန်နဝါရီလတွင် တရုတ်ပြည် ပို့ကငုန် ပမာဏမှာ လွန်ခဲ့သည့်နှစ် ဇန်နဝါရီလကထက် ၇့ ၉ ရာခိုင်နှုန်း တိုးလာသဖြင့် ၉ လ ဆက်တိုက် ကျဆင်းသည့် အခြေအနေကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိ ပါသည်။

တရုတ်ယွမ်ငွေဖြင့် တွက်မည် ဆိုလျှင် ဇန်နဝါရီလတွင် တရုတ်ပြည်၏ ပို့ကုန် ပမာဏမှာ ယွမ် ဘီလီယံ ၁၂၇၀ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁၅့ ၉ ရာခိုင်နှုန်း တိုးလာကာ ကြိုတင်ခန့်မှန်းချက် ၅့ ၂ ရာခိုင်နှုန်းထက် များစွာ ပိုမြင့် ပါကြောင်း၊ သွင်းကုန်ပမာဏမှာ ယွမ် ၉၁၁့ ၁၇ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းက ထက် ၂၅့  ၂ ရာခိုင်နှုန်း တိုးလာကာ ကြိုတင်ခန့်မှန်းချက် ၁၅့ ၂ ရာခိုင်နှုန်းထက် များစွာ ပိုမြင့်ပါကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ လိုငွေပြမှု ပမာဏမှာ ယွမ် ၃၅၄့ ၅၄ ဘီလီယံရှိကြောင်း သတင်းရရှိပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ ယင်းသည် ယခုနှစ်တွင် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု အခြေအနေမှာ လွန်ခဲ့သည့်နှစ်ကထက် ကောင်းမွန်လာမည်ဟု ပြသ နေကြောင်း၊ သို့သော် တစ်ချိန်တည်းတွင် မတည်ငြိမ်ဘွယ်ရယ် အကြောင်းရပ်များကိုလည်း ဂရုစိုက်ရမည် ဖြစ်ကြောင်း သုံးသပ်ကြပါသည်။

   Webradio