• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်နယ်အဆင့် အစိုးရ လုပ်ငန်းခွင် လုံခြုံရေးကို တရုတ် ပထမဆုံးအကြိမ် စစ်ဆေး

(GMT+08:00) 2017-02-11 17:21:14

တရုတ် နိုင်ငံတော် ကောင်စီ လုပ်ငန်းခွင် လုံခြုံရေး ကော်မတီ ၂၀၁၆ခုနှစ် ပြည်နယ် အဆင့် အစိုးရ လုပ်ငန်းခွင် လုံခြုံရေး စစ်ဆေးခြင်း ဆိုင်ရာ ပြင်ဆင်ရေး အစည်းအဝေးကို ယခုလ ၁၀ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းသည် တရုတ် ဗဟို အစိုးရမှ ပြည်နယ်အဆင့် အစိုးရ လုပ်ငန်းခွင် လုံခြုံရေးကို ပထမဆုံးအကြိမ် စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ကောင်စီ လုပ်ငန်းခွင် လုံခြုံရေး ကော်မတီ ဒုဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီ လုပ်ငန်းခွင် လုံခြုံရေး ကော်မတီရုံး ဥက္ကဋ္ဌ ယန်ဟွမ့်နင်က ယခုအကြိမ် စစ်ဆေးခြင်းသည် လုပ်ငန်းခွင် လုံခြုံရေး ဆိုင်ရာ ကြိုတင်ကာကွယ်ရေး တိုးမြှင့်ရန် ဆောင်ရွက်ချက် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio