• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်း၊ဗီယက်နမ်၊မြန်မာ၃နိုင်ငံတို့မှသစ်သီးများ ယူနန်ပြည်နယ်၌ ရောင်းကောင်း

(GMT+08:00) 2017-02-10 11:26:52

   တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်ဝင်ပြည်ထွက်ကြီးကြပ်စစ်ဆေးရေးဌာနမှ စာရင်း အရ လက်ရှိအချိန်တွင် ယူနန်ပြည်နယ် အနီးတဝိုက်နိုင်ငံမှ သစ်သီးဝလံ အမျိုး၂၀ကျော်သည် တရုတ်ကြီးကြပ်စစ်ဆေးရေးဌာနမှ တင်သွင်းရန်ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း၊ ယင်းသစ်သီးများအနက် ထိုင်းနိုင်ငံမှ သစ်သီးအမျိုးအစားမှာ၂၂မျိုးရှိပြီး အများဆုံးဖြစ်ကြောင်း၊ ဗီယက်နမ်နှင့် မြန်မာတို့မှ ၈ မျိုး အသီးသီးရှိကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

     ယူနန်ပြည်နယ်ပြည်ဝင်ပြည်ထွက်ကြီးကြပ်စစ်ဆေးရေးဌာနမှစာရင်းအရ ၂၀၁၆ခုနှစ် ရိုးရိုးကုန်သွယ်မှုတွင် ၄င်းဌာနမှ စစ်ဆေးပြီး တရုတ်နိုင်ငံသို့ ဝင်ရောက်သော ထိုင်း၊ ဗီယက် နမ်၊ မြန်မာ ၃ နိုင်ငံမှ သစ်သီး တန်ချိန် ၂သိန်း၁သောင်း၅ထောင်ရှိကာ ကုန်ပစ္စည်းစုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း၁၆၀ရှိကြောင်း၊ အမျိုးအစားမှာ လိမ္မော်သီး၊ ဖရဲသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး၊ အုန်းသီး၊ နာနတ်သီး၊ လိုင်ချီသီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီးတို့ ပါဝင်ကြောင်း၊ ၄င်းအနက် မြန်မာနိုင်ငံမှ ဖရဲသီးသည် တရုတ်နွေရာသီမဟုတ်သော ဖရဲသီး ဈေးကွက်၏ ရာခိုင်နှုန်း၈၀ကျော်ကို သိမ်းပိုက်ထားကြောင်းသိရသည်။

   Webradio