• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အောက်ခြေအခြေခံ စည်းမျဉ်း စနစ် တရုတ် တည်ဆောက်မည်

(GMT+08:00) 2017-02-09 15:43:56

တရုတ် အစိုးရသည် မကြာမီက "သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အောက်ခြေအခြေခံ စည်းမျဉ်းကို သတ်မှတ်ခြင်းနှင့် တင်းကျပ်စွာ စောင့်ထိန်းခြင်းနှင့် ပတ်သက် သောအကြံပေးချက်များ"ကို ထုတ်ပြန်ခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရသည်။

၎င်းအကြံပေးချက်များတွင် ၂၀၂၀ပြည့်နှစ်ရောက်လျှင် တရုတ်ပြည် တစ်ပြည်လုံး၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အောက်ခြေအခြေခံ စည်းမျဉ်း သတ်မှတ်ခြင်း လုပ်ငန်းကို ဘက်စုံ ပြီးအောင် ဆောင်ရွက်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အောက်ခြေအခြေခံ စည်းမျဉ်း စနစ်ကို အခြေခံ အားဖြင့် တည်ဆောက်ပြီးစီးမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

သက်ဆိုင်ရာ ပညာရှင်များက ၄င်းအကြံပေးချက်များသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အောက်ခြေ အခြေခံစည်းမျဉ်း၏ အတွင်းသဘောကို ရှင်းလင်းပြတ်သားစွာ သတ်မှတ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး နယ်ပယ်တွင် တရုတ်ပြည်၏ သဘောထားကို ဖော်ပြကြောင်း ပြောကြားသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အောက်ခြေအခြေခံ စည်းမျဉ်း ဆိုသည်မှာ ထူးခြားပြီး အရေးကြီးသော သဘောဝ ပတ်ဝန်းကျင် အကျိုးဖြစ်ထွန်းမှု ရှိ၍ ထိန်းသိမ်းစောင့်ရှောက်မှု မပြုမနေရသော ဒေသများ ဖြစ်ကြောင်း၊ သာမန်အားဖြင့် အရေးကြီး ရေသောက်မြစ်နှင့် ဇီဝမျိုးစုံရှိခြင်း ထိန်းသိမ်းကာကွယ်ရေး စသည့် အကျိုးဖြစ်ထွန်းမှု ရှိသော အရေးကြီး ဒေသများ၊ မြေဆီလွှာတိုက်စားခံရပြီး သဲကန္တာရ ဖြစ်လာသော ဒေသများ ပါဝင်ကြောင်း သိရသည်။

၎င်းအကြံပေးချက်များ ထုတ်ပြန်ခြင်းသည် တရုတ်ပြည်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အောက်ခြေအခြေခံ စည်းမျဉ်း မဟာဗျူဟာကို ပထမဆုံးအကြိမ် ကျင့်သုံးခြင်း ဖြစ်သည်။ ၄င်းအကြံပေးချက် ထုတ်ပြန်ခြင်းသည် အနာဂတ် စက်မှုလုပ်ငန်းများ၏ ပျံ့နှံတည်ရှိပုံ အတွက် အခြေခံ အုတ်မြစ် ဖြစ်ကြောင်း တရုတ်ပြည် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာန နန်ကျင်းမြို့ ပတ်ဝန်းကျင် သိပ္ပံပညာ သုတေသနဌာန ဌာနမှူး ကောကြည်ရှီက ပြောကြားသည်။

   Webradio