• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အာဆီယံနိုင်ငံများ ပူးပေါင်းပြီး လူကုန်ကူးမှုကို တိုက်ဖျက်ကြ

(GMT+08:00) 2017-02-08 15:07:38

        မကြာခင်နှစ်များအတွင်း နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု များပြားလာ၍ တရုတ်ရဲဖွဲ့သည် ဗီယက်နမ်၊ မြန်မာစသည့်နိုင်ငံများမှ ရဲဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး လူကုန်ကူးမှုကို တိုက်ဖျက်ကြကြောင်း၊ တရုတ်သည် မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားစသည့်နိုင်ငံများနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အစိုးရချင်း သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုကို အရှိန်အဟုန်နှင့် တိုက်ဖျက်ရန်အတွက် တရုတ်ပြည်သည် ယူနန်နှင့် ကွမ်ရှီ နယ်စပ်ဒေသ၌ ဗီယက်နမ်၊ မြန်မာ၊ လာအိုနိုင်ငံများနှင့်အတူ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် တရားဥပဒေကျင့်သုံးရေး ဆက်သွယ်မှုရုံး ၈ ရုံးကို ချထားခဲ့ကြောင်း၊ ထို့အပြင် ပုံမှန်တွေ့ဆုံပွဲစနစ်၊ အရေးကြီးသော မှုခင်းအဖြစ်အပျက်များ အချိန်မီ အကြောင်းကြားစနစ်၊ ရာဇဝတ်မှုဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်မျှဝေရေးစနစ်များကိုလည်း ထူထောင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio