• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ဇန်နဝါရီ တရုတ်ပြည်၏ နိုင်ငံခြားအရန်ငွေ ပမာဏ ကန်ဒေါ်လာ ဘီလီယံ ၃ထောင် အောက်အထိ ကျဆင်း

(GMT+08:00) 2017-02-08 14:59:55

ဖေဖော်ဝါရီ ၇ရက်နေ့က တရုတ်ဗဟိုဘဏ်သည် ယခုနှစ် ဇန်နဝါရီ တရုတ်ပြည်၏ နိုင်ငံခြား အရန်ငွေ ဆိုင်ရာ စာရင်းများကို ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

သက်ဆိုင်ရာ စာရင်းများအရ ယခုနှစ် ဇန်နဝါရီ လကုန်အထိ တရုတ်ပြည်၏ နိုင်ငံခြား အရန်ငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၉၉၈့၂၀၄ဘီလီယံ ရှိ၍ ကန်ဒေါ်လာ ဘီလီယံ ၃ထောင် အောက်အထိ ကျဆင်းသွားကြောင်း သိရသည်။

တရုတ် ဗဟိုဘဏ်၏ ဈေးကွက် ဆောင်ရွက်ခြင်းသည် နိုင်ငံခြား အရန်ငွေ ပမာဏ လျော့နည်းသွားသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း တရုတ် အမျိုးသား နိုင်ငံခြား အရန်ငွေ စီမံကွပ်ကဲရေး ဌာနက ပြောကြားသည်။

ယင်းသည် တရုတ်ပြည်၏ နိုင်ငံခြား အရန်ငွေ ပမာဏ ၇လ ဆက်တိုက် လျော့နည်း သွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်သော စားရင်အရ သိရသည်။ သိုသော် ၂၀၁၆ခုနှစ် အလားတူ အချိန်ပိုင်းနှင့် ၂၀၁၆ခုနှစ် ဒီဇင်ဘာကထက် နိုင်ငံခြား အရန်ငွေ လျော့နည်းမှုနှုန်း သည် များစွာ ကျဆင်းလာကြောင်း သက်ဆိုင်ရာ ပညာရှင်က ပြောကြားသည်။

   Webradio