• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

AIDSရောဂါ ကြိုတင်ကာကွယ်ရေး ၅နှစ် စီမံကိန်းကို တရုတ် ထုတ်ပြန်

(GMT+08:00) 2017-02-08 14:59:34

တရုတ် နိုင်ငံတော် ကောင်စီရုံးသည် မကြာမီက "တရုတ်ပြည်၏ AIDSရောဂါ ကြိုတင်ကာကွယ်ရေး ၁၃ကြိမ်မြောက် ၅နှစ် လုပ်ဆောင်ရေး စီမံကိန်းကို ထုတ်ပြန်ခဲ့ ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းစီမံကိန်းတွင် လာမည့် ၅နှစ်၌ တရုတ်ပြည်၏ AIDSရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းကို ဘက်စုံစီစဉ်ပေးကြောင်း၊ တရုတ်ပြည်သည် HIV-ပိုးကူးစက်ခံရသူ အပါအဝင် AIDSဝေသနာရှင်များကို အစွမ်းကုန် တွေ့ရှိပြီး လိင်ဆက်ဆံမှု အပြုအမူများဖြင့် AIDS ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကာ AIDSဝေသနာရှင်းများ အပေါ် ခွဲခြားမှုနှင့် အထင်သေးမှုများကို လျှော့ချ၍ တရုတ်ပြည်၏ AIDSရောဂါ၏ ကူးစက် ပြန့်ပွားမှု နည်းပါးသည့် အခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် အားထုတ်ကြိုးပမ်းမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

တရုတ်ပြည် ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စင်တာမှ ထုတ်ပြန်သည့် စာရင်းအရ ၂၀၁၆ခုနှစ် စက်တင်ဘာအထိ တရုတ် နိုင်ငံတွင် အသက်ရှင် ရှိနေသေးသော AIDS ဝေသနာသည် ဦးရေမှာ ၆သိန်း၅သောင်း၎ထောင်ရှိပြီး သေဆုံးခဲ့ရသော AIDSဝေသနာရှင် ဦးရေမှာ ၂သိန်း၁ထောင်ရှိကြောင်း သိရသည်။

   Webradio