• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်နှင့် တောင်ကိုးရီးယား သာဒ် ဒုံးကျည်ဖျက်စနစ် ဖြန့်ချရန်ကို တရုတ် ကန့်ကွက်

(GMT+08:00) 2017-02-04 09:31:43

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ တရုတ်နိုင်ငံသည် အမေရိကန်နှင့် တောင်ကိုးရီးယားတို့ တောင်ကိုးရီးယားနိုင်ငံ၌ သာဒ် ဒုံးကျည်ဖျက်စနစ် ဖြန့်ချခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ယင်းလုပ်ရပ်သည် ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာ ဖြေရှင်းရေးနှင့် ကိုးရီးယားကျွန်းဆွယ် ငြိမ်းချမ်း တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးအတွက် အကျိုးရှိနိုင်မည်ဟုလည်း မထင်ယူ ပါကြောင်း ယခုလ ၃ ရက်နေ့က ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio