• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးလာ

(GMT+08:00) 2017-02-03 10:45:15

ဂျနီဗာမြို့၌ ရုံးချုပ်ထားရှိသော ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံမှ ယခုလ ၁ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ များစွာ ကျဆင်းလာကြောင်း၊ ယင်းနှင့် ပြောင်းပြန် တရုတ်ပြည်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၉ ဘီလီယံ ရှိပြီး ၂၀၁၅ ခုနှစ်ကထက် ၂့ ၃ ရာခိုင်နှုန်း တိုးလာကာ ကမ္ဘာ့ တတိယ နေရာ၌ တည်ရှိနေကြောင်း ရေးသားဖေါ်ပြသည်ဟု တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။

ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ ရင်းနှီးမြှုပ်နှံရေးနှင့် လုပ်ငန်း ကုမ္ပဏီ ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဂျမ်ရှောင်နင်က၊ လွန်ခဲ့သည့်နှစ်တွင် တရုတ်ပြည်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် သမိုင်းစံချိန်သစ်ကို တင်နိုင်ခဲ့သည့်အပြင် နိုင်ငံခြား ငွေရင်းများ၏ ဖွဲ့စည်းပုံ အရည်အသွေးလည်း ဆက်လက် ကောင်းမွန်လာကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် စွဲဆောင်မှု အကောင်းဆုံးသောနိုင်ငံ တစ်နိုင်ငံ ဆက်လက် ဖြစ်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ် တရုတ်ပြည် စီးပွါးရေးသည် ဆက်လက် အသင့်အတင့် လျင်မြန်စွာ တိုးတက်မည်ဟု ခန့်မှန်းရကြောင်း၊ ကုန်ထုတ်လုပ်မှု ဖွဲ့စည်းပုံသည်လည်း ဆက်လက် အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း၊ တရုတ်ပြည်၏ နိုင်ငံခြား ငွေရင်း စီမံအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ဇောက်ချ ပြုလုပ်သည်နှင့်အမျှ တရုတ်ပြည်၏ နိုင်ငံခြား ငွေရင်းများအတွက် တံခါး ဖွင့်ရေး လုပ်ငန်းနယ်ပယ်များ ဆက်လက် တိုးချဲ့မည် ဖြစ်ကြောင်း၊ ယင်းတို့သည် နိုင်ငံခြား ငွေရင်းများ တရုတ်ဈေးကွက် ဝင်ရောက် စီးဆင်းရန်အတွက် တွန်းအားသစ်ကို ဖန်တီးပေး နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio