• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၃၀ ရက်နေ့ ရှာဖွေကယ်ဆယ်မှုတွင် စာဘာ ရေယာဉ်နစ်မြုပ်မှုတွင် ပျောက်ဆုံးသူ မတွေ့ရှိ

(GMT+08:00) 2017-01-31 09:54:02

မလေးရှား ပင်လယ်ရေးရာ တရားရေး ဦးစီးဌာနမှ အရာရှိက၊ ၃၀ ရက်နေ့က ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုတွင် စာဘာပြည်နယ် ရေယာဉ် နစ်မြုပ်မှုတွင် ပျောက်ဆုံးသူကို မတွေ့ရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကို ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း ယခုလ  ၃၀ ရက်နေ့က ပြောကြားခဲ့သည်။

မလေးရှား ရဲဘက်က၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် နစ်မြုပ်မှု ဖြစ်ပွါးသည့် ရေယာဉ်၏ ပိုင်ရှင်နှင့် အမှုထမ်းနှစ်ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၃၀ ရက်နေ့က ရှာဖွေရေး အကျယ်အဝန်းကို ၂၉ ရက်နေ့က စတုရန်းမိုင် ၄၀၀ ရှိရာမှ ၁၅၀၀ အထိ တိုးချဲ့ကာ စာဘာ ပြည်နယ် အနီးရှိ ဘရူနိုင်း နိုင်ငံသည်လည်း ရဟတ်ယာဉ် စေလွှတ်ပြီး ရှာဖွေရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မလေးရှားနိုင်ငံရှိ တရုတ်သံရုံးက၊ မလေးရှားရှိ တရုတ် သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့သည် သက်ဆိုင်ရာ ကိစ္စရပ်များကို အာရုံစိုက်နေကြောင်း၊ မလေးရှား အနေနှင့် ကယ်ဆယ်ရေးဆိုင်ရာ သော့ချက်ကျ ၇၂ နာရီကို ထိထိမိမိ အသုံးချပြီး ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက် အစွမ်းကုန် ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ်ကလည်း၊ မိမိသည် ယခုအကြိမ် ရေယာဉ် နစ်မြုပ်မှုကို လွန်စွာ အလေးထားကြောင်း၊ လက်ရှိအချိန်တွင် အဆက်အသွယ် ပြတ်တောက်သူများအား ရှာဖွေကယ်ဆယ်ရေးကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၃၀ ရက်နေ့က လူမှုကွန်ရက်၌ ဖေါ်ပြခဲ့သည်။

   Webradio