• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

TPP မှနှုတ်ထွက်ပြီးနောက် အမေရိကန်၏ ကုန်သွယ်ရေး မူဝါဒ

(GMT+08:00) 2017-01-26 10:10:03

အမေရိကန်သမ္မတ ထရန့်သည် ယခုလ ၂၃ ရက်နေ့က အမိန့်ထုတ်ပြန်ပြီး အမေရိကန်သည် TPP ခေါ် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး စာချုပ်မှ နှုတ်ထွက်မည်ဟု တရားဝင် ကြေညာခဲ့သည်။ အကဲခတ်များက၊ ယင်းသည် အမေရိကန်၏ ကုန်သွယ်ရေး မူဝါဒသည် ခေတ်သစ်သို့ ဝင်ရောက်ပြီဟု ပြဆိုနေပြီး ထရန့် အစိုးရ၏ အနာဂတ် ကုန်သွယ်ရေး မူဝါဒသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကွာဝေး နိုင် မနိုင်သည် လူတကာ အာရုံစူးစိုက်ရာ ဖြစ်သွားမည်ဟု သုံးသပ်ထားကြောင်း ဆင်ဟွာသတင်းဌာနမှ သတင်းအရ သိရပါသည်။

ထရန့်သည် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုများတွင် TPP သည် အမေရိကန်၏ ကုတ်ထုတ်လုပ်မှုကို ဖျက်ဆီးမည်ဟု အကြိမ်ကြိမ် ပြစ်တင်ဝေဖန်ပြီး သမ္မတ ထမ်းဆောင်ပြီးနောက် TPP မှ ချက်ချင်း နှုတ်ထွက်မည်ဟု ကတိပြုခဲ့ကြောင်း၊ ထို့ပြင် ထရန့်က အကြီးစား ဒေသတွင်း ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်များကို ချုပ်ဆိုမည် မဟုတ်ဘဲ နှစ်ဖက်အကြား ကုန်သွယ်ရေး သဘောတူစာချုပ်သာ အရေးထားမည်ဟုလည်း ပြောခဲ့ကြောင်း သိရပါသည်။

အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံတကာ ရေးရာ သုတေသနဌာန အဆင့်မြင့် အကြံပေး ဂူဒ်မန်က၊ ထရန့် အစိုးရက နှစ်ဖက်အကြား ကုန်သွယ်မှု သဘောတူ စာချုပ်သည် အမေရိကန်၏ အကျိုးစီးပွါးကို ပိုမို ကာကွယ်နိုင်သည်ဟု အကြိမ်ကြိမ် အလေးထား ပြောကြားခဲ့ကြောင်း၊ ယင်းသည် ထရန့်အစိုးရ၏ ကုန်သွယ်ရေး မူဝါဒသည် အမေရိကန်၏ အရင်က ကုန်သွယ်ရေး မူဝါဒနှင့် လုံးဝ ဖီလာဆန့်ကျင် ဖြစ်နေပြီဟု ပြဆိုကြောင်း၊ အမေရိကန်သည် TPP မှ နှုတ်ထွက်ခြင်းသည် အမေရိကန်၏ စီးပွါးရေးနှင့် မဟာဗျူဟာ မိတ်ဖက်အဖြစ် သစ္စာကို ပြင်းထန်စွာ ထိုက်ခိုက်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio