• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ-တရုတ်အမျိုးသမီးအသင်းက တည်ထောင်ထားသည့် တက်သစ်စမူကြိုကျောင်း၏ အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

(GMT+08:00) 2017-01-20 11:13:17

                                                                             

မြန်မာ-တရုတ်အမျိုးသမီးအသင်း(Myanmar- Chinese Women Association)က တည်ဆောက်ထားသည့် တက်သစ်စမူကြိုကျောင်း၏ ၆ ထပ်အဆောက်အအုံသစ်ဆောက်လုပ်ပြီးစီးခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၉ရက်နေ့ နံနက် ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ၁၂လမ်း၊ အမှတ် (၁၀၃)၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ ဇနီးMr Wang Xuehongနှင့် သံရုံးဝန်ထမ်းများ၊ မြန်မာ-တရုတ် အမျိုးသမီးအသင်း ဥက္ကဋ္ဌ ဒေါ်ရွှေစင်၊ မြန်မာ- တရုတ် ကုန်သည်ကြီးအသင်းဂုဏ်ထူးဆောင် နာယက ဦးကြီးစိန် နှင့်ဇနီးသည်စသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။

မြန်မာ-တရုတ် အမျိုးသမီး အသင်းသည် တက်သစ်စ မူကြိုကျောင်းကို ၁၉၉၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ရာ မြန်မာ - တရုတ်- အင်္ဂလိပ်စာ သင်ကြသည့် ကျောင်းသားကျောင်းသူ ၄၀၀ကျော်နှင့် ဆရာ ဆရာမ (၃၀)ရှိနေပြီ ဖြစ်ပါသည်။ ကျောင်းသက်တမ်း နှစ် (၂၀)ကာလအတွင်း ကျောင်းသားဦးရေ တိုးတက်များပြားလာ သည့်အတွက် ကျောင်းခန်းနေရာ လုံလောက်မှုမရှိတော့သဖြင့် မြေနေရာဝယ်ယူ ခြင်းနှင့် အဆောက်အအုံသစ် ဆောက်လုပ်ခြင်းတို့ကို အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေ ဖြင့် ၅ နှစ်တာ ကာလတွင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

   Webradio