• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အီဂျစ်ယဉ်ကျေးမှုနှစ်ပိတ်ပွဲအခမ်းအနားသို့ ရှီကျင့်ဖိန်ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00) 2017-01-20 11:09:51

      ၂၀၁၆ခုနှစ် တရုတ်-အီဂျစ် ယဉ်ကျေးမှုနှစ် ပိတ်ပွဲ အခမ်းအနားကို ယခုလ ၁၉ ရက်နေ့က တရုတ်ပြည် ကွမ်ကျိုးမြို့တွင် ကျင်းပခဲ့ရာ၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှိကျင့်ဖိန် သည်၊ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က၊ ၂၀၁၆ခုနှစ်သည်၊ တရုတ်-အီဂျစ်သံတမန်အဆက်အသွယ်ထားရှိ ခဲ့သည့် ၆၀ပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၆၀ အတွင်း၊ နှစ်ဖက်တို့၏ အားထုတ် ကြိုးပမ်မှုဖြင့်၊ တရုတ်-အီဂျစ်ဆက်ဆံမှုသည်၊ အဆက်မပြတ်တိုးတက်လာခဲ့ပြီး၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြညသူများအတွက် အကျိုးပြုစွမ်းဆောင်ပေးခဲ့ကြောင်း ထိုသဝဏ်လွှာ ၌ ပြောကြားခဲ့ သည်။

ဆက်လက်၍ ရှီကျင့်ဖိန်က၊ ယင်းအရေးကြီးသည့် နှစ်ကို အထိမ်းအမှတ်ပြုသည့် အနေဖြင့်၊.မိမိသည် ၊ တရုတ်-အီဂျစ်ယဉ်ကျေးမှုနှစ် ပြုပ်လုပ်ရန် အီဂျစ်သမ္မတ စီစီနှင့်အတူ ကမ်းလှမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

   Webradio