|
||||||||
|
|||||||||||||
၂၀၁၆ ခုနှစ်တွင် တရုတ်နှင့် အာဆီယံ ကုန်သွယ်မှု ပမာဏ လျော့နည်း လာသော်လည်း တရုတ်ယွမ်ငွေကို နိုင်ငံတကာ ဈေးကွက်များ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း၊ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာခြင်းနှင့် နှစ်ဖက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနယ်ပယ် တိုးချဲ့လာခြင်း စသည့် အကြောင်းများကြောင့် ၂၀၁၇ ခုနှစ်တွင် တရုတ်-အာဆီယံ ကုန်သွယ်ရေး ဆက်ဆံမှုမှာ ဆက်တိုက် တိုးမြင့် သွားမည် ဖြစ်ကြောင်း နိုင်ငံရေးနှင့် ကုန်သွယ်ရေး လောကမှ ပုဂ္ဂိုလ်များက ခန့်မှန်းထားကြောင်း စီးပွါးရေး ကိုးကားသတင်းစာမှ သတင်း အရ သိရပါသည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုံးက၊ ၂၀၁၇ ခုနှစ်တွင် တရုတ်-မြန်မာ စီးပွါးကုန်သွယ်မှု ရင်းနှီးမြှုပ်နှံရေး ဆက်ဆံမှုမှာ တိုးမြင့်မည်ဟု ခန့်မှန်း ရကြောင်း၊ ယခုနှစ်တွင် ရရှိနိုင်မည့် ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက် ဆက်ဆံမှု သဘောတူစာချုပ်သည် ယင်းအတွက် အကျိုးပြုသွားမည် ဖြစ်ကြောင်း မကြာမီက ပြောကြားခဲ့ပါသည်။
|