• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ရှီကျင့်ဖိန်၏ ဆွစ်ဇာလန် ခရီးစဉ် အကြောင်း ပြောကြား

(GMT+08:00) 2017-01-20 10:19:34

ယခုလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဆွစ်ဇာလန်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ခဲ့ပြီး ကမ္ဘာ့စီးပွါးရေး ဖိုရမ် နှစ်ပတ်လည် အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ကြောင်း၊ ထို့ပြင် ဆွင်ဇာလန် နိုင်ငံရှိ နိုင်ငံတကာ အဖွဲ့အစည်းများသို့လည်း လည်ပတ်ကြည့်ရှုခဲ့ကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဥက္ကဋ္ဌ ရှီကျင့်ဖိန် ချောမောအောင်မြင်စွာ ခရီးလှည့်လည်ခြင်းသည် တစ်နှစ်တာလုံး သံတမန်ရေး လုပ်ငန်းအတွက် အရေးကြီး အခြေခံကို အုတ်မြစ်ချပေးခဲ့သည်ဟု ပြောကြားခဲ့ကြောင်း တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။

ဝမ်ယိက၊ ၄ ၇က်ကြာ ခရီးစဉ် အတွင်း ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဒါဗို့စ်၊ ဂျနီဗာ အပါအဝင် မြို့ ငါးမြို့သို့ ရောက်ရှိပြီး သက်ဆိုင်ရာ လှုပ်ရှားမှု ဆယ်ပေါင်းများစွာသို့ တက်ရောက် ခဲ့ကြောင်း၊ ရှီကျင့်ဖိန်သည် နိုင်ငံများစွာမှ ခေါင်းဆောင်များနှင့် လုပ်ငန်း ပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံပြီး တရုတ်ပြည်၏ သက်ဆိုင်ရာ မူဝါဒများကို ရှင်းလင်း ပြောကြားကာ တိုးတက်အောင်မြင်မှုများကို ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက၊ ရှီကျင့်ဖိန်သည် ကမ္ဘာ့စီးပွါးရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားပြီး ဖိုရမ် ဥက္ကဋ္ဌ ရှိဝါဘ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ဆွစ်ဇာလန် ခရီးစဉ်အတွင်း ရှီကျင့်ဖိန်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့နှင့် တွေ့ဆုံပြီး လူသား ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ကြစို့ ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ဌာနချုပ်ရုံးနှင့် ကမ္ဘာ့ အိုလံပစ်ကော်မတီ ဌာနချုပ်ရုံးသို့လည်း လည်ပတ် ကြည့်ရှုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက၊ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို တပြိုင်တည်း ရှေးရှုပြီး ၂၀၁၇ ခုနှစ် တရုတ် သံတမန်ရေး၏ အခန်းကဏ္ဍသစ်ပင် ဖြစ်ကြောင်း၊ ယင်းခရီးစဉ်သည် ချောမောအောင်မြင်သော ခရီးစဉ် ဖြစ်ပြီး တရုတ်ပြည်၏ တစ်နှစ်တာလုံး သံတမန်ရေး လုပ်ငန်းအတွက် အရေးကြီး အခြေခံ အုတ်မြစ် ချပေး ခဲ့ကြောင်း ပြောကြားပါသည်။

   Webradio