• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် Palace of Nations ၌ မိန့်ခွန်းပြောကြား

(GMT+08:00) 2017-01-19 10:00:47

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၈ ရက်နေ့က ဂျနီဗာမြို့ရှိ Palace of Nations ၌ - လူသား ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ရေး - အစည်းအဝေးသို့ တက်ရောက်ပြီး လူသား ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ကြစို့ ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် လူသား ကံကြမ္မာ အသိုက်အဝန်း အတွေးအခေါ်ကို လေးလေးနက်နက် ဘက်စုံ ရှင်းလင်းပြောကြားပါသည်။ ရှီကျင့်ဖိန်က၊ လူသား ကံကြမ္မာ အသိုက်အဝန်း ထူထောင်ရေးကို လက်တွဲ တွန်းအားပေးရန် စွဲကိုင်ရေး၊ တိုင်ပင်ဆွေးနွေးရေး၊ လက်တွဲ တည်ဆောက်ပြီး အတူ မျှဝေခံစားရေး၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေရေး၊ ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် အတူယူရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကင်းမဲ့ရေးတို့ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ရေရှည် ငြိမ်းချမ်းပြီး လုံခြုံရေး ကျယ်ကျယ်ပြန့်ပြန့်ရှိသည့်၊ အတူ စည်ပင်သာယာပြီး သက်ညှာ ထောက်ထားသော သာယာလှပသည့် ကမ္ဘာကြီးကို တည်ထောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ ပြောင်းလဲမည် မဟုတ် မူဝါဒ လေးရပ်ကိုလည်း ရှင်းလင်း ပြောကြားပါသည်။ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံ၏ ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းရန် သန္နဌာန် ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်ပြည်၏ အကျိုးတူ ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေးရန် သန္နဌာန် ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်ပြည်၏ မိတ်ဖက်ဆက်ဆံမှု ထူထောင်ရန် သန္နဌာန် ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်ပြည်၏ နိုင်ငံစုံဝါဒ အားပေးထောက်ခံရန် သန္နဌာန် ပြောင်းလဲမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေး အပြီးတွင် ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် တရုတ်နိုင်ငံက ကုလသမဂ္ဂ ဌာနချုပ်ရုံးအား လက်ဆောင်ပေး အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio