• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် မြေငလျင် တိုင်းတာ လေ့လာရေး လုပ်ငန်းကို အားဖြည့်မည်

(GMT+08:00) 2017-01-18 11:02:58

၂၀၁၇ ခုနှစ် တရုတ်ပြည်လုံးဆိုင်ရာ မြေငလျင် ရေးရာ ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေးကို ယခုလ ၁၇ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင် မြေငလျင် ရေးရာ ဌာနများသည် မြေငလျင် အခြေအနေ လိုက်လံ တိုင်းတာ လေ့လာရေး လုပ်ငန်းကို အဓိကထား အားဖြည့်ဆောင်ရွက်မည် ဖြစ်ပြီး တိုင်းတာရေးကွန်ရက် တိုင်းတာရေးနှင့် ကြိုတင် ခန့်မှန်းရေး စွမ်းအားများကို အားဖြည့်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံသည် ပထမဦးဆုံး လျှပ်စစ်သံလိုက် တိုင်းတာရေး စမ်းသပ် ဂြိုဟ်တုကိုလည်း လွှတ်တင်မည် ဖြစ်ပြီး ဤသို့ဖြင့် တစ်ကမ္ဘာလုံး မြေငလျင် တိုင်းတာရေး လုပ်ငန်းကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio