• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကမ္ဘာ့စီးပွါးရေးဖိုရမ်တွင် မိန့်ခွန်း ပြောကြား

(GMT+08:00) 2017-01-18 08:47:43

ဒေသစံတော်ချိန် ယခုလ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘာ့စီးပွါးရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ စီးပွါးရေး ဂလိုဘယ်လေဇင်းရှင်းကို ဦးလည်မသုန် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွါးရေးကို မှန်ကန်သော ဦးတည်ချက်အတိုင်း ဖွံ့ဖြိုးစေဖို့ လမ်းညွှန် ပေးရမည် ဖြစ်ကြောင်း၊ ရှင်သန်မှု ရှိသည့် ဖွံ့ဖြိုးရေး အသွင်ပုံစံ၊ တံခါးဖွင့်ပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု အသွင်ပုံစံ၊ တရားမျှတပြီး တရားနည်းလမ်း ကျသော စီမံခန့်ခွဲရေး အသွင်ပုံစံနှင့် ညီမျှပြီး အများတကာ အကျိုး ခံစားစေနိုင်သော ဖွံ့ဖြိုးရေး အသွင်ပုံစံများကို တည်ထောင်ရမည် ဖြစ်ကြောင်း၊ လူသား ကံကြမ္မာ အသိုက်အဝန်း အတွေးအခေါ်ကို စွဲကိုင်ပြီး တာဝန်ဝတ္တရားများကို လက်တွဲ ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွား အသိစိတ်ဓါတ်ဖြင့် တစ်ကမ္ဘာလုံး ဖွံ့ဖြိုး တိုးတက်ရေးကို လက်တွဲ တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်ပြည် ဖွံ့ဖြိုးရေးသည် ကမ္ဘာကြီး၏ အခွင့်အလမ်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် စီးပွါးရေး ဂလိုဘယ်လေဇေးရှင်း၏ အကျိုးစီးပွါး ခံသားသူ ဖြစ်သလို အကျိုးပြု စွမ်းဆောင်သူလည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် စီးပွါးရေး တိုးတက်မှု အရည်အသွေးနှင့် အကျိုးဖြစ်ထွန်းမှုကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘာ့စီးပွါးရေးဖိုရမ် ဥက္ကဋ္ဌ ရှီဝါဘ်က၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ယခုအကြိမ် ကမ္ဘာ့စီးပွါးရေး ဖိုရမ်သို့ တက်ရောက်ခြင်းနှင့် မိန့်ခွန်း ပြောကြားခြင်းသည် အရေးကြီးသည့် သမိုင်းဝင် အဓိပ္ပါယ် ပါရှိပြီး ကမ္ဘာကြီးအား အရေးကြီး အချက်အလက်များကို ပေးကမ်းလိုက်ကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ စီးပွါးရေးဖိုရမ် ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး၏ ဆောင်ပုဒ်သည် ရေစီးကြောင်းနှင့်အညီ ဆောင်ရွက်ပြီး ရဲဝံ့စွာ တာဝန်ဝတ္တရား ထမ်းဆောင် နိုင်သော ဦးဆောင်စွမ်းအား ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးမှ နိုင်ငံတော် အကြီးအကဲ သို့မဟုတ် အစိုးရ ခေါင်းဆောင် ၅၀ ဦးခန့်နှင့် နိုင်ငံရေး၊ စက်မှုနှင့်ကုန်သွယ်ရေး၊ သုတေသနနှင့် မီဒီယာ လောကမှ ပုဂ္ဂိုလ် ၁၇၀၀ ခန့်တို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio