• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထျန်ကျင်းဂေဟမြို့တော်စီးပွားရေးစင်တာ အာဆီယံ ၅ နိုင်ငံ ရုံးစိုက်

(GMT+08:00) 2017-01-17 15:33:18

      အာဆီယံထျန်ကျင်းဂေဟမြို့တော်စီးပွားရေးစင်တာ၌ လုပ်ငန်းရှင်များ ရုံးစိုက်ရေး လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယခုလ ၁၆ ရက်နေ့က တရုတ်ပြည် ထျန်ကျင်းမြို့တွင် ကျင်းပခဲ့ရာ၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် စင်ကာပူအပါအဝင် အာဆီယံ ၅ နိုင်ငံတို့မှ ကုမ္ပဏီများသည်၊ ဂျွန်ရှင်-ထျန်ကျင်းဂေဟမြို့တော်တွင် ရုံးစိုက်ကြကြောင်း တရုတ်သတင်းဌာန မှ သတင်းအရသိရသည်။

ထိုလက်မှတ်ရေးထိုးပွဲအခမ်းအနားတွင်၊ တရုတ်-အာဆီယံစင်တာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဌာန ဥက္ကဋ္ဌ လီယွမ်က၊ တရုတ်ပြည်သည်၊ အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက် ရ နှစ် ဆက်တိုက်ဖြစ်သကဲ့သို့၊ အာဆီယံသည်လည်း၊ တရုတ်ပြည်၏ တတိယအကြီးဆုံးကုန်သွယ်ဖက် ၅ နှစ် ဆက်တိုက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio