• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်နိုင်ငံအား အာဆီယံ အလှည့်ကျသဘပတိနိုင်ငံအဖြစ် ကောင်း မွန်အောင်ထမ်းဆောင် နိုင် ရန် တရုတ်ထောကခံ

(GMT+08:00) 2017-01-17 14:38:22

     တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယင်သည် ၁၆ ရက်နေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံအား အာဆီယံ အလှည့်ကျသဘပတိနိုင်ငံအဖြစ် ကောင်းမွန်အောင်ထမ်းဆောင်နိုင်ရန် တရုတ် နိုင်ငံက ထောက်ခံလိုကြောင်း၊ အာဆီယံအသိုက်အဝန်း၏တည်ထောင်မှုနှင့်  တရုတ်-အာဆီယံ ဆက်ဆံရေး အခန်းကဏ္ဍသစ်သို့တက်လှမ်းရန်  တွန်းအားပေးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတတူတာတယ်သည် ၁၅ ရက်နေ့တွင် ကျင်းပသော ဖိလစ်ပိုင်နိုင်ငံ အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံအဖြစ် ထမ်းဆောင်ရန် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ၌ဖိလစ်ပိုင်နိုင်ငံသည်  အလှည့်ကျ သဘာပတိနိုင်ငံ ထမ်းဆောင်စဉ် အတောအတွင်းအာဆီယံ မြတ်နိုးထားသော အတွေးအခေါ်နှင့်တန်ဖိုးအမြင်ကိုဆက်လက်ပြတ်သားစွာ ထောက်ခံပြီး တူညီသော ရည်မှန်းချက် ထပ်မြောက်စေရန် ကြိုးပမ်းမည်ဖြစ်ကြောင်းဖော်ပြသည်။

ဟွာချွင်ယင်က ယခုနှစ်သည် အာဆီယံအဖွဲ့ တည်ထောင်ခဲ့သော ၅၀ ပြည့်နှစ် နှင့် တရုတ်-အာဆီယံခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှုနှစ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနှင့်ဆွေးနွေးမှုနှင့်ကူးလူးနှီးနှောဖလှယ်မှုကိုတဆင့်တိုးဆွန်းအားပေးလိုကြောင်းပြောကြားသည်။

   Webradio