• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်သည် တောင်ပင်လယ် အကြောင်း သွေးထိုးလှုံ့ဆော်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00) 2017-01-17 09:46:30

ယခုလ ၁၆ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယင်က၊ တောင်ပင်လယ် အခြေအနေ တည်ငြိမ် လာနေသည့် အခြေအနေမျိုးတွင် ဂျပန်နိုင်ငံသည် နည်းမျိုးစုံဖြင့် သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်နေသေးကြောင်း၊ ထို့ပြင် ဒေသတွင်း အခြေအနေ တင်းမာသည်ဟုလည်း ဝါဒဖြန့်နေကြောင်း၊ ဂျပန်၏ ယင်းလုပ်ရပ်သည် ကြံရွယ်မှု လွန်စွာ မကောင်းကြောင်း ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio