• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဆွစ်ဇာလန် ပြည်ထောင်စု ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေး

(GMT+08:00) 2017-01-17 08:47:11

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၆ ရက်နေ့က ဘန်းမြို့၌ ဆွစ်ဇာလန် ပြည်ထောင်စု ဥက္ကဋ္ဌ လျိုသာဒ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် တံခါးဖွင့်ရေးနှင့် သက်ညှာထောက်ထားရေးကို ဆက်လက် စွဲကိုင်ရန်၊ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို စွဲကိုင်ရန်၊ နယ်ပယ်အသီးသီးမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာအောင် ဆောင်ရွက်ရန်နှင့် တရုတ်-ဆွစ်ဇာလန် ဆက်ဆံမှုကို တွန်းအားပေးရန် သဘောတူကြကြောင်း သတင်းရရှိပါသည်။

ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွါးကာကွယ်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံတကာ အငြင်းပွါးမှုများကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းရေး စသည့် အရေးကြီးကိစ္စရပ်များနှင့် ပတ်သက်ပြီး ခေါင်းဆောင် နှစ်ဦးတို့သည် တံခါးဖွင့်ပြီး သက်ညှာထောက်ထားသော နိုင်ငံတကာ ကုန်သွယ်ရေး စနစ်ကို လက်တွဲ တွန်းအားပေးရန်နှင့် နိုင်ငံတကာ စီမံခန့်ခွဲရေး စနစ်ကို ပိုမို တရားမျှတပြီး ပိုမို တရားနည်းလမ်းကျအောင် တွန်းအားပေးရန် သဘောတူကြကြောင်း သတင်းရရှိပါသည်။

ယင်းနေ့၌ ခေါင်းဆောင်နှစ်ဦး ရှေ့မှောက်၌ တရုတ်နှင့် ဆွစ်ဇာလန် သက်ဆိုင်ရာတို့သည် နိုင်ငံခြားရေး၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး၊ ဖွံ့ဖြုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းအင်၊ အကောက်ခွန်၊ ပညာ မူပိုင်ခွင့်၊ ယဉ်ကျေးမှုနှင့် အားကစား လုပ်ငန်းနယ်ပယ်များစွာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာတမ်း ၁၀ ခုကို ချုပ်ဆိုခဲ့ကြကြောင်း သိရပါသည်။

   Webradio