• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းနိုင်ငံ တောင်ပိုင်း ရေကြီးမှု ဆက်တိုက် ဖြစ်ပွါး

(GMT+08:00) 2017-01-16 10:16:50

ယခုနှစ် နှစ်ဦးပိုင်းက စပြီး ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ၌ နှစ် ၃၀ အတွင်း မကြုံစဖူးသော ရေလွှမ်းမိုးမှုကြီး ဖြစ်ပွါးခဲ့သဖြင့် ပြည်နယ် ၁၂ ခု ဘေးသင့်ခဲ့ရကြောင်း၊ ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာန ဘေးအန္တရာယ် လျှော့ချရေးနှင့် ကြိုတင်ကာကွယ်ရေး ဦးစီးဌာနမှ ယခုလ ၁၄ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ၊ ထိုင်းနိုင်ငံ ရေဘေးသင့်သူ ဦးရေမှာ ၁၆ သိန်း အထိ ရှိပြီ ဖြစ်ပြီး လူ ၄၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာမှ သတင်းအရ သိရပါသည်။

လက်ရှိ အချိန်တွင် ထိုင်း တောင်ပိုင်း ပြည်နယ် ငါးခု၌ ရေကြီးမှု တဖြည်းဖြည်း လျော့နည်းလာနေကြောင်း၊ သို့သော် အခြား ပြည်နယ်မှ ရွာများစွာ၌ ရေကြီးမှု ဖြစ်မြဲ ဖြစ်နေ သေးကြောင်း၊ သက်ဆိုင်ရာ ခန့်မှန်းချက်အရ၊ ထိုင်း တောင်ပိုင်းဒေသ ရေကြီးမှုကြောင့် စီးပွါးရေး နစ်နာဆုံးရှုံးမှုမှာ ထိုင်းဘတ်ငွေ ၂၂့ ၎ ဘီလီယံ ရှိမည် ဖြစ်ပြီး ယင်းတို့အနက် အခြေခံ အဆောက်အဦ၊ လယ်ယာစိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် စက်မှု နယ်ပယ် သုံးခုမှ နစ်နာဆုံးရှုံးမှုမှာ ဘတ်ငွေ သန်း ၃၄၀၀၊ သန်း ၈၂၀၀နှင့် သန်း ၁၀၉၀၀ အသီးသီး ရှိမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ ကြားတွင် ထိုင်း တောင်ပိုင်းဒေသ၌ နောက်ထပ် တစ်ကြိမ် မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ထိုင်းနိုင်ငံ မိုးလေဝသ ဌာနက ၁၄ ရက်နေ့တွင် သတိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio