• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ ပစိဖိတ်ဒေသ လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေးမူဝါဒ စက္ကူဖြူစာတမ်း တရုတ် ထုတ်ပြန်

(GMT+08:00) 2017-01-12 09:44:53

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ယခုလ ၁၁ ရက်နေ့က တရုတ်ပြည်၏ အာရှ ပစိဖိတ်ဒေသ လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေး စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ယင်းသည် တရုတ်အစိုးရက ပထမဆုံးအကြိမ် အာရှ ပစိဖိတ်ဒေသ လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေး မူဝါဒဆိုင်ရာ စက္ကဖြူစာတမ်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ တရုတ် အစိုးရမှ အဆင့်မြင့်အရာရှိ တစ်ဦးက၊ စက္ကူဖြူစာတမ်း ထုတ်ပြန်သည့် ရည်ရွယ်ချက်သည် ဘက်အသီးသီးတို့ တရုတ်ပြည်၏ အာရှ ပစိဖိတ်ဒေသ လုံခြုံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မူဝါဒများကို ပြည့်ပြည့်စုံစုံ နားလည်သိရှိစေရန် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့် လက်တွဲပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်သော အခြေအနေကောင်းကို ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းစက္ကူဖြူစာတမ်းတွင်၊ တရုတ်ပြည်၏ အာရှ ပစိဖိတ်ဒေသ လုံခြုံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မူဝါဒများ၊ တရုတ်ပြည်၏ အာရှ ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ အတွေးအခေါ်များ၊ တရုတ်နှင့် ဒေသတွင်း နိုင်ငံများအကြား ဆက်ဆံမှု၊ ဒေသတွင်းဆိုင်ရာ အရေးကြီး ပြဿနာများအပေါ် တရုတ်ပြည်၏ ရပ်တည်ချက်နှင့် တိုက်တွန်းချက်များ စသဖြင့် ရေးသားဖေါ်ပြထားသည်။

ယင်းစက္ကူဖြူစာတမ်းတွင်၊ တရုတ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး မူကို တလျှောက်လုံး စွဲကိုင်နေကြောင်း၊ အတူတကွ ဖြစ်ရေး၊ ကဏ္ဍစုံ ဖြစ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်ရေး လုံခြုံမှု အတွေးအခေါ်ကို တက်ကြွစွာ တွန်းအားပေးနေကြောင်း ရေးသားဖေါ်ပြထားသည်။

   Webradio