• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒါဗို့စ် ဖိုရမ်တွင် စိန်ခေါ်မှုကြီး လေးရပ်ကို အာရုံစူးစိုက်မည်

(GMT+08:00) 2017-01-11 10:19:43

နိုင်ငံတကာ စီးပွါးရေးဖိုရမ်၏ ရှေ့ဆောင် တည်ထောင်သူနှင့် အမှုဆောင် ဥက္ကဋ္ဌ ရှီဝါဘ်က၊ ၂၀၁၇ ခုနှစ် နိုင်ငံတကာ စီးပွါးရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ဖြစ်သည့် ဒါဗို့စ် ဖိုရမ်ကို ယခုလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် မြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ အစည်းအဝေး၏ ဆောင်ပုဒ်သည် - ဦးဆောင် စွမ်းအား၊ လက်တွေ့ အခြေအနေနှင့်အညီ ဆောင်ရွက်ပြီး တာဝန်ဝတ္တရားများကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်ခြင်း - ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ယခုလ ၁၀ ရက်နေ့က ဂျနီဗာမြို့၌ ထုတ်ပြန်ကြေညာခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ရှိဝါဘ်က၊ ယခုအကြိမ် ဒါဗို့စ်ဖိုရမ် နှစ်ပတ်လည် အစည်းအဝေးတွင် အစိုးရ၊ လုပ်ငန်း ကုမ္ပဏီနှင့် အရပ်ဘက် အသင်းအဖွဲ့များမှ ခေါင်းဆောင်တို့သည် ၂၀၁၇ ခုနှစ်တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း၊ ယင်းစိန်ခေါ်မှုများမှာ ကမ္ဘာ့စီးပွါးရေး တိုးတက်မှု နာလန်ပြန်ထူရေးဆိုင်ရာ ပြဿနာ၊ စီးပွါးရေး တိုးတက်မှု နှေးကွေးခြင်းပြဿနာနှင့် လူငယ်များ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းပေးရန်၊ ကိုယ်ကျိုးဖက်မှုနှင့် အဂတိလိုက်စားမှု ပြဿနာကို ဖြေရှင်းပြီး ဈေးကွက်များ၌  သက်ညှာထောက်ထားမှု ပိုမို ရှိစေရန်၊ စတုတ္ထအကြိမ် စက်မှု တော်လှန်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ပေးရန်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး စနစ်ကို ပိုမို ကောင်းမွန်စွာ တည်ထောင်ရန်တို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံရေး၊ လုပ်ငန်းကုမ္ပဏီနှင့် အရပ်ဘက် အသင်းအဖွဲ့မှ ဧည့်သည်တော် ၃၀၀၀ ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း ကမ္ဘာ့စီးပွါးရေး ဖိုရမ်မှ သတင်းအရ သိရပါသည်။

   Webradio