• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ် ဈေးကွက်၌ တရုတ်ကုန်ပစ္စည်းများ အရောင်း ကောင်းနေ

(GMT+08:00) 2017-01-06 10:05:28

တရုတ်ပြည်လုပ် မေတီ၊ ဟွာဝေ၊ တီစီအယ်လ်၊ ဝေဝို စသည့် နာမည်ကြီး ကုန်ပစ္စည်းများသည် ဗီယက်နမ်နိုင်ငံ၌ အရောင်းကောင်းနေကြောင်း တရုတ် ပြည်သူ့ နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။

ဗီယက်နမ်နိုင်ငံတွင် လူမှုရေး တည်ငြိမ်ပြီး စီးပွါးရေး ရှင်သန်ကာ တရုတ် လုပ်ငန်းကုမ္ပဏီများအတွက် အခွင့်အလမ်း များစွာကို ဖန်တီးပေးနေကြောင်း၊ ဗီယက်နမ်ရှိ တရုတ် မေတီ ကုမ္ပဏီ တာဝန်ရှိ ပုဂ္ဂိုလ် ချင်လင်က၊ ဗီယက်နမ်သည် မေတီ ကုမ္ပဏီ၏ တစ်ကမ္ဘာလုံးရှိ ကုန်ထုတ်စခန်း ၆ ခုအနက် တစ်ခုအပါအဝင် ဖြစ်ပြီး လွန်ခဲ့သည့်နှစ် တစ်နှစ်အတွင်း ဗီယက်နမ်၌  မေတီ အဲယာကွန်း ရောင်းချမှု ပမာဏမှာ ၂၀၁၅ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်း တိုးလာသည်ဟု ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

ဗီယက်နမ် ဒုဝန်ကြီးချုပ်၊ ဗီယက်နမ်-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဗီယက်နမ်ဘက် ဥက္ကဋ္ဌ ပန်ပင်မင်သည် မကြာမီက ဟနွိုင်မြို့၌ ကျင်းပသော ဗီယက်နမ်- တရုတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲတွင်၊ တရုတ်နိုင်ငံသည် ငွေရင်း၊ နည်းပညာ၊ ဈေးကွက်နှင့် ခရီးသွားလုပ်ငန်း စသည့်နယ်ပယ်များတွင် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အားသာချက် ရှိပြီး ဗီယက်နမ်၏ အဖေါ်ကောင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio