• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သြစတြေးလျနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ရပ်စဲရန် အင်ဒို ကြေညာ

(GMT+08:00) 2017-01-05 10:10:05

အင်ဒိုနီးရှား စစ်ဘက်သည် သြစတြေးလျနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံ ရပ်စဲမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှား တပ်ဖွဲ့နှင့် နိုင်ငံတော်၏ အခြေခံ အဖြစ် ထားသော နိုင်ငံတော် တည်ထောင်ရေး မူကြီး ငါးချက်ကို သြစတြေးလျ စစ်ဘက်က စော်ကားသည်ဟု မိမိတို့ ယူဆကြောင်း ယခုလ ၄ ရက်နေ့က ကြေညာခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

သြစတြေးလျ အထူးတပ်ဖွဲ့ ပညာသင်ကျောင်း တစ်ကျောင်း၌ နည်းပြ လုပ်နေသည့် အင်ဒိုနီးရှား အထူးတပ်ဖွဲ့မှ စစ်မှုထမ်း တစ်ဦးသည် ကျောင်းဖတ်စာတွင် အင်ဒိုနီးရှား တပ်ဖွဲ့ကို သရုပ်ဖျက်သည့် အကြောင်း ပါသည်ဟု တွေ့ရှိ ခဲ့ကြောင်း၊ ထို့နောက် ၄င်းသည် ကျောင်းအုပ်ကြီးထံသို့ သွားပြီး ယင်းကိစ္စအပေါ် မကျေနပ်ဖွယ်ရာများကို တင်ပြခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ယင်းထက် ပိုဆိုးဝါးသော အင်ဒိုနီးရှား နိုင်ငံတော် တည်ထောင်ရေး မူကြီး ငါးချက်ကို စော်ကားသည့် အကြောင်း ရှိသည်ကိုလည်း တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် ယင်းစစ်မှုထမ်းသည် အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနအား အထက်ပါ အကြောင်းကို တင်ပြခဲ့ကြောင်း၊ အင်ဒိုနီးရှား စစ်ဘက်သည် လွန်ခဲ့သည့်လ ၉ ရက်နေ့က သြစတြေးလျ စစ်ဘက်အား သဝဏ်လွှာ ပေးပို့ပြီး နှစ်နိုင်ငံ အကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲရန် အကြောင်းကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အင်ဒိုနီးရှား လွှတ်တော် အမတ် တစ်ဦးက၊ လက်ရှိ အချိန်တွင် နှစ်ဖက် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် အခက်အခဲနှင့် ကြုံတွေ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံမှု အပေါ်မူ ထိခိုက်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio