• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းရန် ကုလ အတွင်းရေးမှူးချုပ်သစ် ပန်ကြား

(GMT+08:00) 2017-01-04 09:26:31

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ဂူတာရက်စ်သည် ငြိမ်းချမ်းရေးအတွက် အသက်ပေးလှူခဲ့ကြသော ကုလသမဂ္ဂ ဝန်ထမ်းများကို ဝမ်းနည်းကြေကွဲကြောင်း အထိမ်းအမှတ် ပြုရန် ယခုလ ၃ ရက်နေ့က ကုလသမဂ္ဂ ဌာနချုပ်ရုံး၌ ပန်းကုံး ဆက်သပေး ခဲ့သည်။ ထို့နောက် ဂူတာရက်စ်သည် မိန့်ခွန်း ပြောကြားပြီး၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အားလုံးနှင့် ကုလသမဂ္ဂ ဝန်ထမ်း အားလုံးတို့ အသွင်မျိုးစုံသော နိုင်ငံတကာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းဖို့ လက်တွဲ ကြိုးပမ်းကြရန် ပန်ကြားခဲ့ပါသည်။

ဂူတာရက်စ်က၊ ကုလသမဂ္ဂသည် အငြင်းပွါးမှုများ ကြိုတင်ကာကွယ်ရေးနှင့် ကိုင်တွယ်ဖြေရှင်းရေးကို တပြိုင်တည်း အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေး၊ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးများကို တစ်ဆင့်တိုး တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဂူတာရက်စ်က၊ ကုလသမဂ္ဂ အလုပ် ပိုမို တွင်ကျယ်လာအောင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံ အသီးသီးတို့လည်း သဘောကွဲလွဲမှုများ လျော့နည်းစေရန် ဆွေးနွေးမှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio