• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှား အကြီးစား ကုန်တင်ကား ဈေးကွက် တရုတ် ကုမ္ပဏီများ တိုးချဲ့လုပ်ကိုင်

(GMT+08:00) 2017-01-03 14:27:17

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်နှင့် မလေးရှားတို့သည် နိုင်ငံရေးနှင့်  စီးပွားရေး စသည့် နယ်ပယ်များတွင် ဆက်ဆံမှု တစ်နေ့တခြား ပိုမိုနွေးထွေးလာကြောင်း၊ တရုတ် ကုမ္ပဏီများသည် မလေးရှား ဈေးကွက်တွင် ဝင်ရောက်ပြီး လုပ်ကိုင်ဆောင် ရွက်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

တရုတ်ပြည် ရှူကျိုး အင်ဂျင်နီယာနှင့်စက်ယန္တရား ကုမ္ပဏီ အုပ်စု လိမိတက်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မလေးရှားတွင် တရုတ်ပြည်ထုတ် အကြီးစား ကုန်တင်ကား သစ်မိတ်ဆက်ပွဲကို ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၂၀၁၆ခုနှစ် နိုဝင်ဘာ ၉ရက်နေ့က ရှူကျိုး အင်ဂျင်နီယာနှင့်စက်ယန္တရား ကုမ္ပဏီ အုပ်စု လိမိတက်နှင့် မလေးရှား ဖုန်းချင် ကုမ္ပဏီ အုပ်စုတို့သည် ပယ်နန်တွင် "ဟန့်ဖုန်း" အကြီးစား ကုန်တင်ကားများ မိတ်ဆက်ပွဲ လှုပ်ရှားမှုကို ပူးတွဲ ကျင်းပခဲ့ကြသည်။ ယခုအကြိမ် ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှူကျိုး အင်ဂျင်နီယာနှင့်စက်ယန္တရား ကုမ္ပဏီ အုပ်စု လိမိတက် မော်တော်ယာဉ် လုပ်ငန်းဌာန မန်နေဂျာချုပ် လိုတုန်းဟိုင်က မိမိကုမ္ပဏီသည် ကောင်းမွန်သော ကုန်ပစ္စည်း အရည်အသွေးဖြင့် တရုတ်ပြည်ထုတ် အကြီးစား ကုန်တင် ကားအမှတ်တံဆိပ်ကို မလေးရှားတွင် လူသိများလာအောင် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

မလေးရှား ဖုန်းချင် ကုမ္ပဏီ အုပ်စု ဒါရိုက်တာများအဖွဲ့ အဖွဲ့ဝင်၊ မန်နေဂျာ ကျန်းဟိုင်ရှင်းက တရုတ် ကုန်တင်ကားများ မလေးရှား ဈေးကွက်သို့ ဝင်ရောက်သည်မှာ ၈နှစ်ရှိပြီဖြစ်ပြီး အရည်အသွေးနှင့် စွမ်းဆောင်ရည် ကောင်းမွန်သောကြောင့် ၄င်းကုန် တင်ကား များအပေါ် အစဦးပိုင်းက သုံးစွဲသူများ၏ မယုံကြည်မှုသည် ယခု လုံးဝပပျောက် ခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။

   Webradio