• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တူရကီအစိုးရသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အကျပ်အတည်း ကြုံတွေ့

(GMT+08:00) 2017-01-03 10:01:55

ယခုလ ၁ ရက်နေ့ နံနက် လင်းအားကြီးအချိန်တွင် လက်နက်ကိုင် တစ်ဦးသည် တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့လယ်ခေါင်ရှိ ကလပ် တစ်ခုသို့ ဝင်ရောက်ပြီး ရာပေါင်းများစွာသော နှစ်သစ်ကူး အခမ်းအနား ပြုလုပ်နေသူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်း သေနတ် ပစ်ခတ်မှုတွင် လူ ၃၉ ဦး သေဆုံးပြီး ၆၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၂ ရက်နေ့က တူရကီ ရဲဘက်သည် ယင်းသေနတ်ပစ်ခတ်မှုဆိုင်ရာ သင်္ကာမကင်းသူ ၈ ဦးကို ဖမ်းဆီး ထားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အကဲခတ်များက၊ ယခုအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုကို သေသေချာချာ စီစဉ် ထားခြင်း ဖြစ်ပြီး အိုင်အက်စ် အစွန်းရောက်အဖွဲ့သည် နောက်ကွယ်၌ ကြံစည်သူပင် ဖြစ်နိုင်ချေများကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ တူရကီ၌ အကြိမ်ကြိမ် ဖြစ်ပွါးခြင်းသည် တူရကီ အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အကျပ်အတည်းနှင့် ကြုံတွေ့ နေသည်ဟု ပြသထားကြောင်း၊ လက်ရှိအချိန်တွင် တူရကီနိုင်ငံသည် အကြမ်းဖက် ခြိမ်းခြောက်မှု များစွာကို ရင်ဆိုင်လျက် ရှိပြီး ယင်းတို့အနက် အိုင်အက်စ်အဖွဲ့ အပြင် တူရကီ အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ကုဒ် အလုပ်သမားပါတီနှင့် ဂူလင် လှုပ်ရှားမှုအဖွဲ့တို့လည်း ပါဝင်ကြောင်း၊ သေနတ်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပြီးနောက် တူရကီ သမ္မတက အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ သန္နိဌာန်ကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့သော်လည်း တူရကီ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာကို လေးနက်စွာ ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း သုံးသပ်ထားကြသည်။

   Webradio