• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် PMI တိုးတက်လာ

(GMT+08:00) 2017-01-02 09:09:20

တရုတ်နိုင်ငံတော် စာရင်းအင်းဦးစီးဌာနသည် ယခုလ ၁ ရက်နေ့တွင် တရုတ်ပြည် ကုန်ပစ္စည်း ဝယ်ယူမှုဆိုင်ရာ PMI ကိန်းညွှန်းကို ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်း တရုတ်ပြည် PMI သည် ၅၁့ ၎ ရာခိုင်နှုန်း ဖြစ်ပြီး နိုဝင်ဘာလကထက် ၀့ ၃ ရာခိုင်နှုန်း ကျဆင်းလာသော်လည်း ယင်းကဏန်းသည် တစ်နှစ်အတွင်း ဒုတိယ အမြင့်ဆုံး ဖြစ်ကာ တစ်နှစ်တာလုံး ပျမ်းမျှ ကဏန်းထက် ၁့ ၁ ရာခိုင်နှုန်း ပိုများပါကြောင်း သတင်းရရှိပါသည်။

တရုတ် နိုင်ငံတကာ စီးပွါးရေး ကူးလူးဖလှယ်ရေးစင်တာ သုတေသီ ဝမ်ကျွင်းက၊ ၂၀၁၆ ခုနှစ် နောက်ဆုံးလအတွင်း PMI ကဏန်းသည် တရုတ်ပြည် ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်း ဝယ်လိုအား တိုးချဲ့လာပြီ ဖြစ်ပြီး စီးပွါးရေး တည်ငြိမ်လာသည့် အရှိန်သည် တဆင့်တိုး ခိုင်မာလာပြီဟု ပြသနေကြောင်း သုံးသပ်ထားသည်။

ကုန်ထုတ်လုပ်မှု မဟုတ်သော လုပ်ငန်းနယ်ပယ်များတွင် ၂၀၁၆ ခုနှစ် ကုန်သွယ်မှု လှုပ်ရှားမှုဆိုင်ရာ ကိန်းညွှန်းသည် ၅၄့ ၅ ရာခိုင်နှုန်း ဖြစ်ပြီး အသင့်အတင့် လျင်မြန်စွာ တိုးတက်သော အရှိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ကြောင်း၊ ယင်းတို့ အနက် မီးရထား ပို့ဆောင်ရေး၊ လေကြောင်း ပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှု၊ အင်တာနက်နှင့် သတင်းအချက်အလက်နည်းပညာ ဝန်ဆောင်မှု၊ ငွေကြေး ဝန်ဆောင်မှု၊ အာမခံလုပ်ငန်း စသည့်နယ်ပယ်များတွင် တိုးတက်မှု အသင့်အတင့် လျင်မြန်ကြောင်း သတင်းရရှိပါသည်။

   Webradio