• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

CRI အသံလွှင့်ဌာန ခေါင်းဆောင် ဝမ်ကင်ညဏ်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

(GMT+08:00) 2017-01-01 10:01:56

၂၀၁၇ ခုနှစ် ကျရောက်တော့မည့် အခါသမယတွင် CRI အသံလွှင့်ဌာန ခေါင်းဆောင် ဝမ်ကင်ညဏ်သည် CRI အသံလွှင့်ဌာနမှ ဝန်ထမ်းများအားလုံး ကိုယ်စား နိုင်ငံခြား သောတရှင်၊ ပရိသတ်များအား နှစ်သစ်ကူး နှုတ်ခွန်းဆက်သပါသည်။ ဝမ်ကင်ညဏ်က၊ ၂၀၁၇ ခုနှစ်သည် တရုတ် ရိုးရာ ကြက်နှစ် ဖြစ်ပြီး မိမိတို့သည် ယခင်ကလိုပင် သတင်း ထုတ်လွှင့်ရေး စွမ်းအားနှင့် ဝန်ဆောင်မှု အရည်အချင်း တိုးမြင့်အောင် ဆက်လက် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားသည်။

ဝမ်ကင်ညဏ်က၊ နှစ်ဟောင်း ကုန်လွန်ပြီ ဖြစ်ပြီး နှစ်သစ် ကျရောက်လာသည့် အခါသမယတွင် မိမိသည် CRI နှင့် CIBN ကိုယ်စား၎င်း၊ မိမိ တစ်ဦးချင်း အနေနှင့် ၄င်း၊ မိတ်ဆွေများအား နှစ်သစ်ကူး နှုတ်ခွန်းဆက်သလိုက်ပြီး မိတ်ဆွေများ ကျန်းမာ ချမ်းသာပါစေ၊ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံ ပါစေဟု ဆုတောင်းအပ်ပါကြောင်း ပြောကြားသည်။

ဝမ်ကင်ညဏ်က၊ CRI တည်ထောင်ခဲ့သည့် ၇၅ နှစ်ပြည့် အချိန်အခါတွင် နိုင်ငံခြား သောတရှင်၊ပရိသတ်များသည် ဂုဏ်ပြု ထောမနာ ပြုခဲ့ကြကြောင်း၊ ၄င်းတို့သည် CRI မွေးနေ့မှာ ပျော်ရွှင်ပါစေဟု အသီးသီး ဆုမွန်ကောင်း တောင်းကြကြောင်း၊ သောတရှင် ပရိသတ်များ၏ အားပေးမှုသည် မိမိတို့၏ လုပ်ငန်းကို တွန်းအားပေးနေကြောင်း၊ CRI ၏ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့ နိုင်ငံအသီးသီးမှ သောတရှင်၊ပရိသတ်များ၏ ထောက်ခံမှုနှင့် ခွဲမရကြောင်း၊ မိမိသည် မိတ်ဆွေများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဝမ်ကင်ညဏ်က၊ ၂၀၁၆ ခုနှစ်အတွင်း ဂျီ-၂၀ ဟန်ကျိုး ထိပ်သီး အစည်းအဝေးသည် နိုင်ငံတကာ စီမံခန့်ခွဲရေးအတွက် အကျိုးဆောင်ပေးခဲ့ကြောင်း၊ OBOR ထူထောင်ရေး ဖြစ်စဉ်တွင် တရုတ်ပြည်၏ မိတ်ဖက်များ တစ်နေ့ထက်တစ်နေ့ များလာနေကြောင်း ပြောကြားသည်။

ဝမ်ကင်ညဏ်က၊ တရုတ်ပြည်၏ ဖွံ့ဖြိုးမှုသည် နိုင်ငံတကာ မိသားစုကြီး၏ အာရုံ စူးစိုက်ရာ ဖြစ်လာပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် CRI သည် ပြုပြင်ပြောင်းလဲမှုများကို ဇောက်ချ ပြုလုပ်ပြီး နိုင်ငံခြား မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအား ပေးခဲ့ကြောင်း၊ CRI နှင့် ရုရှား၊ ဆာဗီးယား၊ ဘင်္ဂလားဒေ့ရှ် မီဒီယာများနှင့် သဘောတူစာချုပ်များကို တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ယင်းသုံးနိုင်ငံမှ ခေါင်းဆောင်များ ရှေ့မှောက်၌ ရှေ့ဆင့်နောက်ဆင့် ချုပ်ဆိုခဲ့ကြောင်း၊ မိမိတို့၏ ဟန်ကျိုးမြို့ ဂျီ-၂၀ ထိပ်သီး အစည်းအဝေး၊ ထျန်းကုန်း အမှတ်-၂နှင့် ရှင်ကျိုး အမှတ်-၁၁ လူပါ အာကာသယာဉ် ပျံသန်းမှု စသည့် သတင်းများကို အရည်အသွေး ကောင်းမွန်စွာ ထုတ်လွှင့် ခဲ့ကြောင်း၊ မိမိတို့သည် တရုတ် သတင်း အစီအစဉ်၊ တရုတ် အသံလွှင့် အစီအစဉ်နှင့် တရုတ် ရုပ်မြင်သံကြား အစီအစဉ် အပါအဝင် ဘာသာစကားမျိုးစုံ ဖြစ်သည့် မိုဘိုင်း မီဒီယာသစ် အစီအစဉ်များကို ပြုလုပ်နေကြောင်း၊ တရုတ်-ဗြိတိန်၊ တရုတ်-ရုရှား၊ တရုတ်-အီတလီ၊ တရုတ်-ဂျပန်၊ တရုတ်-စပိန်၊ တရုတ်-အိန္ဒိယ အပါအဝင် ဘာသာ မျိုးစုံ မိုဘိုင်း ကလော့ခ်ကို ပြုလုပ်ရန်လည်း စီစဉ်နေကြောင်း ပြောကြားသည်။

ဝမ်ကင်ညဏ်က၊ ၂၀၁၆ ခုနှစ်တွင် မိမိတို့သည် သောတရှင်များ၏ အကြံပြုစာ၊ အကြံပြုချက် စုစုပေါင်း ၅၅၃ သိန်းကို ရရှိခဲ့ကြောင်း၊ နိုင်ငံ အသီးသီး၌ သောတရှင် ကလပ် ၄၁၁၅ ခု ရှိပြီ ဖြစ်ကြောင်း၊ အစီအစဉ် ဖမ်းယူ ကြည့်ရှု နားထောင်သူ ဦးရေမှာ သန်း ၂၆၀ ကျော် ရှိကြောင်း၊ လူမှုကွန်ရက် ဖန့်စ် ဦးရေမှာ စုစုပေါင်း ၈ ကုဋေ ကျော် ရှိကြောင်း ပြောကြားသည်။

ဝမ်ကင်ညဏ်က၊ CRI ၏ အစီအစဉ်မှ တဆင့် မိမိတို့သည် တရုတ်ပြည်၏ သာယာ လှပမှုကို ပိုမို နက်ရှိုင်းစွာ နားလည်သိရှိ လာသည်ဟု ဘော်ရ်ဂေးရီးယား သောတရှင် နီကိုလိုဗာက လူမှုကွန်ရက်မှာ ပြောခဲ့ဖူးကြောင်း၊ သောတရှင်များ၏ အကြံဥာဏ်ကောင်းများသည် မိတ်ဆွေဟောင်း၏ စိတ်ရင်းစေတနာ အားပေး ထောက်ခံမှု အဖြစ် မိမိတို့ သဘော ထားနေကြောင်း ပြောကြားသည်။

ဝမ်ကင်ညဏ်က၊ လာမည့်နှစ်သည် တရုတ် ရိုးရာ ကြက်နှစ် ဖြစ်ကြောင်း၊ ကြက်တွန်ခြင်းသည် ရက်သစ် စတင်ခြင်းနှင့် လုပ်ငန်း စတင်ခြင်း၏ လက္ခဏာပင် ဖြစ်ကြောင်း၊ သမိုင်း သက်တမ်း ၇၅ နှစ် ရှိပြီ ဖြစ်သည့် CRI အသံလွှင့်ဌာန အဖို့ နှစ်သစ်သည် ခရီးစတင်သည်ဟု အဓိပ္ပါယ် သက်ရောက်ပါကြောင်း၊ မိမိတို့သည် ယခင်ကလိုပင် သတင်း ထုတ်လွှင့်ရေး စွမ်းအားနှင့် ဝန်ဆောင်မှု အရည်အချင်းကို မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ဤသို့ဖြင့် မိတ်ဆွေများကို တရုတ်ပြည် အကြောင်းကို ပိုမို နားလည်သိရှိလာစေမည်ဖြစ်ပြီး တရုတ်ပြည်ကို ပိုမို ကြိုက်နှစ်သက်မည် ဖြစ်ကြောင်း ပြောကြားသည်။

နိဂုံးချုပ် အနေနှင့် နောက်ဆုံး၌ ဝမ်ကင်ညဏ်က နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းလိုက်ကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်းကို ထပ်လောင်း ပြောကြားသည်။

   Webradio