• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ဆင်းရဲမှု ပပျောက်ရေး စက္ကူပြာစာတမ်း ထုတ်ပြန်

(GMT+08:00) 2016-12-29 09:15:01

တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီးနှင့် တရုတ် နိုင်ငံတော်ကောင်စီ ဆင်းရဲမှု ပပျောက်ရေးရုံးတို့သည် ယခုလ ၂၇ ရက်နေ့က တရုတ်ပြည် ဆင်းရဲမှု ပပျောက်ရေး စက္ကူပြာ စာတမ်းကို ပူးတွဲ ထုတ်ပြန်ခဲ့သည်။ ယင်းစက္ကူပြာစာတမ်းတွင်၊ လွန်ခဲ့သည့် နှစ် ၃၀ အတွင်း တရုတ်ပြည် ဆင်းရဲသူ ဦးရေမှာ သန်း ၇၉၀ ခန့် လျော့နည်းလာပြီး ကမ္ဘာ့ ဆင်းရဲသူ လျော့နည်းမှု စုစုပေါင်း လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ အလွန်အကျွံ ဆင်ရဲမှု လုံးဝ မရှိအောင် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားသည်။

ယင်းစက္ကူပြာစာတမ်းတွင် တရုတ်ပြည်၌ ဆင်းရဲသူများ ထောက်ပံ့ကူညီရေး လုပ်ငန်း ဆိုင်ရာ အတွေ့အကြုံများ၊ လက်ရှိအခြေအနေ၊ ရင်ဆိုင်နေရသော စိန်ခေါ်မှုနှင့် မူဝါဒများကို သုံးသပ်ထားသည်။

တရုတ် နိုင်ငံတော်ကောင်စီ ဆင်းရဲမှု ပပျောက်ရေးရုံး ဒုဥက္ကဋ္ဌ ချင်ကြည့်ကမ်းက၊ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် နှစ် ၃၀ ကျော် အတွင်း တရုတ်နိုင်ငံတွင် ဆင်းရဲသူ ဦးရေ သန်း ၇၀၀ ကျော် လျော့နည်းခဲ့ပြီ ဖြစ်ပြီး ဆင်းရဲသော ဒေသများ၌ အခြေခံအဆောက်အဦ ဆောက်လုပ်ရေးနှင့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်း အဆင့်အတန်းမှာ ထင်ရှားသိသာစွာ တိုးတက်လာကြောင်း၊ တရုတ်နိုင်ငံသည် ပထမဆုံးသော ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်ကို လျာထားချိန်ထက် စောပြီး အကောင်အထည် ဖေါ်ဆောင်ခဲ့၍ ဆင်းရဲသူ ဦးရေ တစ်ဝက် လျော့နည်း လာခဲ့သည့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio